top of page

Benefits of Waste Segregation

--------------English Version Below------------


အမှိုက်ခွဲခြားစွန့်ပစ်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ရလဒ်တွေကို မျှဝေအကြံပြုပါရစေ

အမှိုက်တွေကို ခွဲခြားစွန့်ပစ်ခြင်းအကြောင်းနဲ့ ခွဲခြားစွန့်ပစ်ဖို့ နည်းလမ်းတွေကို တစ်စိတ်တစ်ဝက် သိပြီးကြပြီဆိုတော့ အမှိုက်တွေကို ခွဲခြားစွန့်ပစ်လိုက်တာက ဘယ်လိုမျိူးအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို RecyGlo ကိုချစ်မြတ်နိုးသူတွေ၊ အားပေးနေတဲ့သူတွေအတွက် ဗဟုသုတလည်းရ၊ တကယ်လည်းလက်တွေ့မှာကျင့်သုံးနိုင်အောင် ပြောပြပေးသွားမယ်နော်။


***သင်သာ အမှိုက်တွေကို သေချာခွဲခြားစွန့်ပစ်မယ်ဆိုရင် -

၁. အမှိုက်ပုံတွေမှာ ဒီတိုင်း recycle ပြန်လုပ်လို့ရတဲ့ အမှိုက်တွေစုပုံနေခြင်းကို တစ်ဖက်တစ်လမ်းကနေ သက်သာစေပါတယ်။

၂. စားကြွင်းစားကျန်တွေနဲ့ အခြားပြန်သုံးလို့ရတဲ့ အမှိုက်တွေကို အတူတူအမှိုက်ပုံးတစ်ခုတည်းမှာ ရောပြီး စွန့်ပစ်မယ်ဆိုရင် ပြန်သုံးလို့တဲ့ အရင်းအမြစ်တွေလည်း ဆုံးရှုံးသလို ကြွက်ရဲ့သောင်းကျန်းမှုတွေအပြင် အခြား အင်းဆက်ပိုးမွှားတွေကိုလည်း ပေါက်ဖွားစေနိုင်ပါတယ်။ စားကြွင်းစားကျန်သက်သက်၊ ပြန်လည် recycle ပြုလုပ်လို့ရတဲ့အမှိုက် စသဖြင့် သေချာခွဲခြားစွန့်ပစ်မယ်ဆိုရင်တော့ ကြွက်နဲ့အခြား အင်းဆက်ပိုးမွှားတွေရန်ကလည်း သက်သာစေနိုင်ပါတယ်။

၃. ခွဲခြားစွန့်ပစ်ထားတဲ့ recycle ပြုလုပ်လို့ရတဲ့ အမှိုက်တွေကို ပြန်လည်ရောင်းချလို့ရတဲ့အတွက် အပိုဝင်ငွေလည်း ရနိုင်စေပါတယ်။ အမှိုက်ပြီးအမှိုက်မဟုတ်ဘဲ တခြားလိုအပ်နေတဲ့နေရာတွေမှာ အစားထိုးအသုံးပြုလို့ရပါတယ်။

၄. အမှိုက်ခွဲခြားစွန့်ပစ်ခြင်းက ပလပ်စတစ်ထုတ်လုပ်မှုနဲ့ ပြန်လည်သုံးစွဲတတ်မှုတွေကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

၅. အမှိုက်ခွဲခြားစွန့်ပစ်ခြင်းကြောင့် လူထုကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တွေစုပုံပြီး ကြွက်တွေနှောက်ယှက်မှုတွေနဲ့ အမှိုက်တွေကို မီးရှို့ဖျက်စီးခြင်းကြောင့် ပန်းနာရင်ကျပ်နဲ့ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရပ်တွေကိုလည်း ကာကွယ်လျှော့ချပေးနိင်ပါတယ်။

၆. ထိခိုက်စေနိုင်တဲ့ ဖန်ကွဲစ၊သံစနဲ့ အခြားထိခိုက်နိုင်တဲ့ အမှိုက်တွေကို ခွဲခြားစွန့်ပစ်တဲ့အတွက် အမှိုက်သိမ်းဆည်းသူတွေကိုလည်း ထိခိုက်မှုတွေဖြစ်ပေါ်မှုတွေကို လျှော့ချနိုင်ပါတယ်။ (အကွဲစတွေများနေရင် သေချာထုပ်ပိုးပြီးပြစ်ဖို့အကြံပြုလိုပါတယ်)။


အခုဆိုရင် အမှိုက်တွေကို သေချာခွဲခြားစွန့်ပစ်မယ်ဆိုရင် ရနိုင်တဲ့ အကျိုးရလဒ်တွေကို သိပြီးပြီဆိုတော့ စနစ်တကျ အမှိုက်တွေကို ခွဲခြားစွန့်ပစ်ဖို့ တိုက်တွန်းလိုပါတယ်။


*** သေချာစွန့်ပစ်ပြီးတော့ရော ကိုယ်ပစ်လိုက်တဲ့ နောက်ဆက်တွဲအမှိုက်က ဘာတွေဖြစ်သွားသလဲ? ဒါမှမဟုတ် ဘယ်ကိုရောက်သွားပြန်တာလဲ?


ဒီလိုဖြေရှင်းချက်တွေအတွက် RecyGlo ကတာဝန်ယူပြီး ဖြေရှင်းပေးနေတာကို သတင်းပါးချင်ပါတယ်။ ကိုယ်စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် နောက်ဆက်တွဲ အဖြေအတွက် RecyGlo ကသင့်အတွက်ရှိနေတာပါ။


RecyGlo မှာလည်း ဒီလိုမျိုး အမှိုက်တွေကို ခွဲခြားစွန့်ပစ်ခြင်း(Waste Segregation ) ကို ကျင့်သုံးနေတဲ့အပြင် Waste Segregation နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း Training/ Workshop အနေနဲ့ဝေဌအကြံပေးလျက်ရှိပါတယ်။


RecyGlo မှာ Waste Management and Recycling Service နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ရန်ကုန်ရုံးဖုန်းနံပါတ် (09- 404 245 800, 09-263 223 496) နှင့် မန္တလေးရုံး (09-674909995) တို့ကို ဆက်သွယ်စုံစမ်းနိုင်သလို E-mail မှတဆင့် ဆက်သွယ်လိုပါက contact@recyglo.com နှင့် communication@recyglo.com တို့ကို ဆက်သွယ်နိုင်ပါတယ်။


RecyGlo မှာရနိုင်တဲ့ services တွေကို လေ့လာလိုပါက RecyGlo ရဲ့ Official website ဖြစ်တဲ့ www.recyglo.com နှင့် Facebook Page ဖြစ်တဲ့ RecyGlo Myanmar တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။




English Version


Let me share with you the benefits and outcomes of waste segregation

Now that you know about waste segregation and how to sort it out, we will share the benefits of waste segregation and how it can be put to practice for those who love and encouraging RecyGlo.


If you properly segregate and dispose of your trash,

1. In one way or another, it reduces the accumulation of recyclable waste in landfills 2. Disposal of food waste and other recyclables in the same bin can result in the loss of recyclable resources and cause the development of rodents and other insects. If you separate and dispose of leftovers and household wastes and other recyclable wastes certainly , it can reduce the development of rodents and other insects. 3. We can also generate extra income by selling recyclable waste.It can be used instead of garbage and other places where it is needed. 4. Segregation of waste can also reduce plastic production and consumption. 5. Segregation of waste can also improve public health. It can reduce the development of rodents and insects caused by garbage piles up in the back alleys and reduce asthma and other respiratory diseases caused by open burning of wastes. 6. Separation of hazardous materials such as broken glass, metal and other hazardous waste can also reduce the risk of injury to waste collectors. (If there are a lot of cracks, let us recommend you to pack them carefully and throw them away).


Now that you know the benefits of proper waste segregation and disposal, let us urge you all to segregate and dispose of your wastes properly.


We would like to inform you that RecyGlo is responsible for such solutions.RecyGlo is here for you as a follow-up solution to the garbage you dumped.


RecyGlo is also working on waste segregation, and is working on public awareness of waste segregation. For more information about Waste Management and Recycling Services from RecyGlo, please contact our Yangon office at (09-404245800) and Mandalay office (09-674909995) or e-mail us at contact@recyglo.com and communication@recyglo.com. To learn more about the services available at RecyGlo, visit RecyGlo Official Website www.recyglo.com and RecyGlo Myanmar Facebook Page.


For more info: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com


120 views0 comments

Recent Posts

See All
bottom of page