top of page

E-Waste Destruction and Recycling

---------English Version Below-----------


ကိုယ်အသုံးမပြုတော့တဲ့ စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းတွေကို အမှိုက်ပုံတွေမှာ စွန့်ပစ်နေကြတုန်းလား (သို့) ဘယ်လိုစွန့်ပစ်ရမလဲဆိုတာကို တွေ‌ဝေနေရတုန်းလား?


အီလက်ထရောနစ်ပစ္စည်းတွေမှာပါဝ◌င်တဲ့ ခဲနှင့် မာကျူရီဓါတ်တွေက သဘာဝပတ်ဝ◌န်းကျင်ကို ထိခိုက်စေနိုင်တဲ့အတွက် အမှိုက်ပုံတွေမှာ ဒီတိုင်းစွန့်ပစ်လိုက်ဖို့ မသင့်တော်ပါဘူး။ အဲဒီ့အပြင် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းတွေကနေတစ်ဆင့် သတင်းအချက်အလက်ပေါက်ကြားမှုတွေဖြစ်ပေါ်နေလျက်ရှိပါတယ်။ ဒီလို အချက်အလက်ပေါက်ကြားမှုတွေကို ကာကွယ်နိုင်နိုင်ဖို့အတွက် သေသေချာချာစီမံစွန့်ပစ်ဖို့လိုအပ်ပါတယ်။


ဒါဆိုရင် စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းတွေကို ဘယ်လိုမျိုးစီမံစွန့်ပစ်ကြမလဲ?


ဒီလိုမျိုး မလိုအပ်တော့တဲ့ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေကို နည်းလမ်းမှန်မှန်စွန့်ပစ်ဖို့အတွက် RecyGlo မှ Electronic Waste Recycling and Destruction ဝ◌န်ဆောင်မှု ကိုသတိရလိုက်ပါ။


RecyGlo ရဲ့ Electronic Waste Recycling and Destruction Service ဟာဆိုရင်ဖြင့် ကွန်ပျုတာနှင့်ဆက်စပ်ပစ္စည်းများသာမက လူသုံးကုန်လျှပ်စစ်ပစ္စည်းများကိုပါ စနစ်တကျ ဖျက်ဆီးပေး‌ပြီး Recycling Centers တွေထံ ပြန်လည်ပို့ဆောင်ပေးတဲ့ ဝ◌န်ဆောင်မှုဘဲ ဖြစ်ပါတယ်။ Destruction ပြုလုပ်ခြင်းအားဖြင့် အီလက်ထရောနစ်ပစ္စည်းဟောင်းများမှ သတင်းအချက်အလက်ပေါက်ကြားမှုများ ကာကွယ်ပေးနိုင်ခြင်းသာမက အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများမှာပါဝ◌င်တဲ့ ဓါတုဓါတ်ပြုပေါက်ကွဲမှုများကြောင့် ပတ်ဝ◌န်းကျင်ထိခိုက်မှုများကိုလည်း တစ်ဖက်တစ်လမ်းမှ နည်းမှန်လမ်းမှန် လျှော့ချနိုင်ပါတယ်။


သင်ကိုယ်တိုင်ရော စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းတွေကို ဒီတိုင်းအကာအကွယ်မဲ့ စွန့်ပစ်နေဥ◌ီးမှာလား ???


Electronic Waste Recycling and Destruction Service နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ရန်ကုန်ရုံးဖုန်းနံပါတ် (09- 404245800, 09-954224345, 09-785259803) နှင့် မန္တလေးရုံး (09-674909995) တို့ကို ဆက်သွယ်စုံစမ်းနိုင်သလို E-mail မှတဆင့် ဆက်သွယ်လိုပါက contact@recyglo.com နှင့် communication@recyglo.com တို့ကို ဆက်သွယ်နိုင်ပါတယ်။


RecyGlo မှာရနိုင်တဲ့ services တွေကို လေ့လာလိုပါက RecyGlo ရဲ့ Official website ဖြစ်တဲ့ www.recyglo.com နှင့် Facebook Page ဖြစ်တဲ့ RecyGlo Myanmar တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။



-----------English Version------------


Are you still throwing away discarded electronics in the dumpsites or still don’t know how to dispose of them?


Lead and mercury in electronic devices can be harmful to the environment so, they should not be thrown in the dumpsites. In addition, information leaks are occurring through old and discarded electronic waste. To prevent this kind of information leaks, we should be more careful.

Then how can we manage our discarded electronic wastes?


If you’re struggling for your electronic wastes, please remember RecyGlo's Electronic Waste Recycling and Destruction service for the proper disposal of such discarded electronic wastes. Destruction not only protects against information leaks from old electronic devices, but also reduces the environmental damage caused by chemical explosions in electronic waste.


Then, will you still throw your discarded electronic wastes in dumpsites?


If you want to know details about the electronic wastes recycling and destruction services, please contact Yangon Office (09- 404245800, 09-954224345, 09-785259803), Mandalay Office (09-674909995) or contact us at email contact@recyglo.com and communication@recyglo.com .

To learn more about the services available at RecyGlo, please visit RecyGlo Myanmar’s website www.recyglo.com and Facebook Page RecyGlo Myanmar.


For more info:

RecyGlo Co., Ltd.

Waste Management & Recycling Technologies

09-404245800

contact@recyglo.com

www.recyglo.com


113 views0 comments

Recent Posts

See All
bottom of page