top of page

Mercury In Cosmetics

------English Version Below------


"မာကျူရီ၏ အလှကုန်ပစ္စည်းများတွင် ပါဝင်နေမှုများအကြောင်း"


မာကျူရီတွေက သွားဖာဆေးများ၊ ပင်လယ်စာအစိမ်းတွေမှ တစ်ဆင့်ခန္ဓာကိုယ်ထဲကို ဝင်ရောက်တတ်တာကို ကြားဖူးကြသလို အလှကုန်ပစ္စည်းတွေမှာလည်း ပါဝင်တတ်တယ်ဆိုတာရော သတိပြုမိကြားလား။


ဟုတ်ပါတယ်။ အလှကုန်ပစ္စည်းတွေမှာလည်း မာကျူရီဓါတ်ပါဝင်တဲ့ ထုတ်ကုန်တွေရှိပါတယ်။ မာကျူရီအမျိုးအစားတွေထဲမှာဆိုရင် အော်ဂဲနစ်မာကျူရီ‌သာမက အင်န်‌အော်ဂဲနစ်မာကျူရီတွေကိုလည်း အလှကုန်ပစ္စည်းတွေမှာ‌ တွေ့နိုင်ပါတယ်။ အော်ဂဲနစ်မာကျူရီတွေကိုတော့ မျက်တောင်ကော့ဆေး ( Mascara ) များနှင့် Eye Makeup များကိုသန့်စင်ရန်အတွက် အသုံးပြုတဲ့ မိတ်ကပ်ဖျက်ဆေးများကို ကြာရှည်ခံအောင်ပြုလုပ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ အော်ဂဲနစ်မာကျူရီတွေက ပစ္စည်းတွေရဲ့ သက်တမ်းကို ကြာရှည်ခံအောင်ပြုလုပ်ပေးနိုင်စွမ်း ရှိပါတယ်။ အင်အော်ဂဲနစ်မာကျူရီတွေကိုတော့ အသားဖြူဆပ်ပြာများနှင့် အသားဖြူခရင်မ်တွေမှာလည်း တွေ့ရတတ်ပါတယ်။မာကျူရီမှာပါဝင်တဲ့ ဆားဓါတ်က မယ်လနင်လို့ခေါ်တဲ့ အသားအ‌ရောင်နှင့် ဆံပင်များကို နက်လာနိုင်စေနိုင်တဲ့ သဘာဝရောင်ခြယ်ဓါတ်တစ်မျိုးကို လျှော့ချပေးနိုင်တဲ့အတွက် အသားဖြူစေခြင်း၊ အရေးအကြောင်းနှင့် အမဲစက်များကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်း အလှကုန်ထုတ်ကုမ္ပဏီတွေအနေနှင့် သူတို့ရဲ့ ထုတ်ကုန်တွေမှာ မာကျူရီကို အသုံးပြုကြတာဖြစ်ပါတယ်။ အဲဒီ့အပြင် မာကျူရီကို တချို့‌ပိုးသတ်ဆေးဆပ်ပြာတွေမှာလည်း တွေ့ရတတ်ပါတယ်။


ဒါဆိုရင် အလှကုန်တွေမှာ မာကျူရီပါမပါဆိုတာ ဘယ်လိုသိနိုင်မလဲ။


ပါဝင်ပစ္စည်းတွေကို စစ်ဆေးကြည့်ပါ။ တကယ်လို့ ပါဝင်ပစ္စည်းစာရင်းထဲမှာ “mercurous chloride,” “calomel,” “mercuric,” “mercurio,” (သို့မဟုတ်) “mercury” စတဲ့ စာလုံးများပါဝင်နေပြီဆိုရင်တော့ မာကျူရီပါဝင်နေပြီဖြစ်တဲ့အတွက် အသုံးပြုလက်စအလှကုန်ပစ္စည်းဖြစ်ပါက အသုံးပြုမှုကို ချက်ချင်းရပ်တန့်သင့်ပါတယ်။ နာမည်တံဆိပ်မရှိသော အလှကုန်ပစ္စည်းများနှင့် ပါဝင်ပစ္စည်းစာရင်းဖော်ပြထားခြင်းမရှိတဲ့ အလှကုန်ပစ္စည်းတွေကို ယုံကြည်စိတ်ချပြီး သုံးစွဲခြင်းမပြုလုပ်ပါနှင့်။ မိမိနားမလည်သော ဘာသာစကားနှင့် ဖော်ပြထားတဲ့ အလှကုန်များကိုလည်း စိတ်ချပြီးမသုံးစွဲသင့်ပါဘူး။ အလှကုန်ပစ္စည်းဆိုတာက ပိုမိုလှပစေရန်အတွက် အသုံးပြုကြတာဖြစ်ပေမဲ့လည်း မိမိရဲ့ ရွေးချယ်မှုမှားယွင်းသွားခဲ့ရင် ထိခိုက်ဆုံးရှုံးမှုတွေကတော့ အစားထိုးလို့မရနိုင်ပါဘူး။ ဒါကြောင့် အလှကုန်ပစ္စည်းဝယ်ယူမယ်ဆိုလျှင် ပါဝင်ပစ္စည်းများကို သေချာဖတ်ရှုစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။


ဆက်လက်ပြီးတော့လည်း RecyGlo မှ သဘာဝပတ်ဝန်းကျင်နှင့် လူသားတွေကို ထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေနှင့် စွန့်ပစ်ပစ္စည်းတွေအကြောင်းကို ဗဟုသုတအနေနှင့် တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် RecyGlo Myanmar Facebook Page ကို See first လုပ် (သို့) Website တွေမှာ တိုက်ရိုက်ဝင်ရင်း ဗဟုသုတတွေမျှဝေကြရအောင်။



English Version:


Did you notice that mercury can also be found in cosmetics?


You may have heard that mercury can lurk in things like sushi and dental fillings, but have you ever noticed that it can also be found in cosmetics too? Of course, there are also some cosmetics that contain mercury. Among the mercury types, not only organic mercury but also inorganic mercury can be found in cosmetics. Organic mercury compounds are used as cosmetic preservatives in eye makeup cleansing products and mascara. It is used to help elongate the shelf life of a product. Inorganic mercury is used in skin lightening soaps and creams. Companies use mercury in products because mercury salts inhibit the formation of melanin, resulting in lighter skin tone, giving it a skin lightening effect with the promises of reducing pigmentation, dark spots, and freckles. It can also be found in some antiseptic soaps!


So how can we know if the cosmetics contain mercury or not?


Check the ingredients. If the words “mercurous chloride,” “calomel,” “mercuric,” “mercurio,” or “mercury” are listed on the label, mercury’s in it—and you should stop using the product immediately. Do not use cosmetics that have no brand name or cosmetics that do not contain ingredient lists. And also don't use cosmetics that are written in a language you do not understand. Cosmetics are used to beautify, but if you make the wrong choice, the damage is irreplaceable. Therefore, if you want to buy cosmetics, you should read the ingredients carefully before buying.


Don't forget to check out the RecyGlo Myanmar Facebook Page for any updates or visit our website as we will be presenting knowledge about chemicals and wastes that may harm the environment and human beings.



64 views0 comments

Recent Posts

See All
bottom of page