top of page

Safety In Warehouse

------English Version Below------


ကုန်ပစ္စည်းတွေသိုလှောင်တဲ့ ဂို‌‌‌ဒေါင်တွေက ဝန်ထမ်းတွေအတွက် လုံခြုံမှုရှိဖို့က ဘာကြောင့်အရေးကြီးတာလဲ?


စက်ယန္တရားကြီးများ၊အရာဝတ္ထုပစ္စည်းကြီးများနှင့်အန္တရာယ်ရှိသောပစ္စည်းများကို လည်ပတ်ထိန်းသိမ်းရမှုများကြောင့် ကုန်ပစ္စည်းတွေသိုလှောင်တဲ့ ဂို‌‌‌ဒေါင်တွေက ဝန်ထမ်းတွေအတွက် အန္တရာယ်အရှိဆုံးနေရာတွေလို့ သတ်မှတ်လို့ရပါတယ်။ အမေရိကန်အလုပ်သမားရေးရာဌာန၏အဆိုအရ 2015 ခုနှစ်အတွင်း ပုဂ္ဂလိကလုပ်ငန်းများဘက်မှ သတင်းပေးပို့ချက်မှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေအတွက် အသက်အန္တရာယ် မစိုးရိမ်ရတဲ့ထိခိုက်မှုတွေနှင့် ဖျားနာမှုများဖြစ်ပေါ်မှုနှုန်းက ၂.၉ သန်းခန့်ရှိပြီး အဲဒီ့ထဲမှာမှ ၇၅ ရာခိုင်နှုန်းကျော်ကတော့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာ ဖြစ်ပေါ်လျက်ရှိပါတယ်။ အဲဒီ့အပြင် ၂၀၁၅ ခုနှစ်အတွင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်းထိခိုက်မှုစစ်တမ်းများအရ စက်ရုံနှင့် ဂိုဒေါင်များမှ အလုပ်သမားများအနက် အယောက် ၁၀၀ မှာ ၅ ‌ယောက်က လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့တယ်လို့ သိရှိရပါတယ်။


ဒါဆို ဘာကြောင့် ဂိုဒေါင်တွေမှာဝန်ထမ်းတွေထိခိုက်မှုတွေဖြစ်ရတာလဲ?


Safety shoes မဝတ်ဆင်မှုကြောင့် ချော်လဲခြင်း၊ အန္တရာယ်ရှိသော ပစ္စည်းများနှင့် ထိတွေ့ချိန်များတွင် မတော်တဆဖြစ်ပေါ်မှုများကြောင့်သော်လည်းကောင်း၊ ပစ္စည်းများကို ရွှေ့ပြောင်းသယ်ဆောင်ပေးသော စက်ယန္တရားကြီးများနှင့် မတော်တဆထိခိုက်မှုများကြောင့်သော်လည်းကောင်း၊ ပစ္စည်းများကို အတင်အချပြုလုပ်နေချိန်တွင် ပြုတ်ကျထိခိုက်မှုများကြောင့်သော်လည်းကောင်း၊ စက်များလည်ပတ်နေစဉ် မတော်တဆ ထိခိုက်မိခြင်းများကြောင့်သော်လည်းကောင်း၊ အလုပ်ပင်ပန်းမှုများကြောင့်သော်လည်းကောင်း စတဲ့အကြောင်းပြချက်မျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။


ဒါဆိုရင် ဒီလိုထိခိုက်မှုတွေမဖြစ်အောင် အလုပ်သမားတွေဘက်က ဘယ်လိုထိန်းသိမ်းကာကွယ်ရမလဲ?

· တကိုယ်ရည်အကာအကွယ်ပေးနိုင်တဲ့ အသုံးအဆောင် (PPE) များဖြစ်တဲ့ ရောင်ပြန်အင်္ကျီများ၊ Safety shoes နှင့် ဦးထုပ်များ၊ Masks များ၊ မျက်လုံးများကို ကာကွယ်ပေးထားသောမျက်မှန်များ၊ Face Shields များနှင့် လက်အိတ်များကို အထူးဂရုတစိုက်ဝတ်ဆင်ပါ။

· ဂိုဒေါင်ထဲမှာအလုပ်လုပ်နေစဉ်တစ်လျှောက်လုံးမှာ မိမိလုံခြုံမှုကို ဦးစားပေးသင့်ပါတယ်။

· အန္တရာယ်ရှိနိုင်တဲ့ အခြေအနေများကိုတွေ့မိတဲ့အခါ သတိမပြတ်စောင့်ကြည့်ပါ (သို့မဟုတ်) မိမိပြုပြင်နိုင်သည့်အခြေအနေဆိုလျှင် ပြုပြင်ပါ (သို့မဟုတ်) သက်ဆိုင်သူများကို အကြောင်းကြားပါ။

· သတိပေးဆိုင်းဘုတ်များနှင့်အချက်ပြဆိုင်းဘုတ်များကို အာရုံစိုက်၍လိုက်နာပါ။

· ဂို‌ဒေါင်အတွင်း ကုန်ပစ္စည်းသယ်စက်ယန္တရားကြီးများနှင့် ထိခိုက်မှုမဖြစ်စေရန် မိမိကိုယ်ကို အထူးဂရုပြုပါ။

· ကုန်ပစ္စည်းများကို သိမ်းဆည်းရာတွင်လည်း သယ်ရယူရလွယ်ကူအဆင်ပြေစေရန် သတိပြု၍သိမ်းဆည်းပါ။ ကုန်ပစ္စည်းများကို စင်များပေါ်တွင် ထပ်ဆင့်၍သိမ်းဆည်းရာတွင်လည်း လူတစ်ယောက်ရဲ့ ပျမ်းမျှအရပ်အမြင့်ထက် အများကြီးကျော်လွန်အောင် မသိမ်းဆည်းသင့်ပါဘူး။ ပြုတ်ကျထိခိုက်ခြင်းများဖြစ်ပေါ်နိုင်တဲ့အတွက် ပစ္စည်းထပ်ဆင့်သိမ်းဆည်းတဲ့ အမြင့်ကိုလည်း အထူးဂရုပြုသင့်ပါတယ်။

အခုပြောပြပေးခဲ့တဲ့အချက်အလက်တွေကတော့ ဂိုဒေါင်ဝန်ထမ်းများအနေနှင့် မိမိကိုယ်ကို ဘယ်လိုကာကွယ်နိုင်လဲဆိုတာတွေကို ပြောပြပေးသွားတာဖြစ်ပါတယ်။


နောက်တစ်ပါတ်တွေကျရင် လုပ်ငန်းရှင်များအနေနဲ့ ဂိုဒေါင်တွေမှာ မိမိတို့ဝန်ထမ်းတွေအတွက် ဘယ်လိုအန္တရာယ်ကင်းအောင် ပြုလုပ်ပြင်ဆင်ရမလဲဆိုတာတွေကို ဆက်လက်ပြီး ဗဟုသုတအနေနှင့်ပြောပြပေးသွားမှာဖြစ်တဲ့အတွက် RecyGlo Myanmar ရဲ့ Facebook Page နှင့် Official Website ဖြစ်တဲ့ www.recyglo.com တို့ကို ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။



English Version:


Why is it important for employees to be safe in warehouses?


With the operation of heavy machinery, large objects, and hazardous materials, warehouses are statistically one of the most dangerous places to work. According to the U.S. Bureau of Labor, there were approximately 2.9 million nonfatal workplace injuries and illnesses reported by private industry employers in 2015, with over 75% of those injuries occurring in service-providing industries. It was also estimated that about 5 out of 100 warehouse and storage employees experienced some type of work-related injury in 2015.


So what is the reason for employees being injured in the warehouses?


There are a variety of reasons including slipping due to not wearing safety shoes, tripping with large products, accidental contact with hazardous materials, accidents with heavy machines, accidents while transferring the materials and with the moving cranes and machines, and work fatigue, etc.

Then, how do the employees protect themselves from accidents?

- Wear appropriate PPE, such as gloves, safety shoes, eye protection, and hard hats.

- Make safety a priority in everything you do while working in the warehouse.

- Keep alert to hazards and correct or report them when you see them.

- Look out for forklifts and other hazardous equipment.

- When storing goods, be careful to keep them handy. While storing goods on the shelves, they should not be stored much higher than the high of the average person.


In the coming weeks, we will provide more information on how the warehouses can make their employees safer, so, don’t forget to visit RecyGlo Myanmar Facebook page and Website www.recyglo.com.


For more info:

RecyGlo Co., Ltd.

Waste Management & Recycling Technologies

09-404245800, 09-263223496

contact@recyglo.com

communication@recyglo.com

www.recyglo.com


27 views0 comments

Recent Posts

See All
bottom of page