top of page

Waste Management and Recycling

------English Version------


အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုတာ ဘာလဲ? အမှိုက်ခွဲခြားစွန့်ပစ်ဖို့ ဘာတွေလိုအပ်လဲ?


အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုတာကတော့ စွန့်ပစ်အမှိုက်တွေကို ပြန်လည် recycle ပြုလုပ်နိုင်ဖို့အတွက် အမှိုက်အမျိုးအစားအလိုက် ခွဲခြမ်းစွန့်ပစ်ခြင်းကို ဆိုလိုပါတယ်။ ဖွံဖြိုးပြီးနိုင်ငံတွေမှာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းရဲ့ အရေးပါပုံတွေကို နားလည်သိရှိကြပြီးဖြစ်တဲ့အတွက် သန့်ရှင်းတဲ့သဘာဝပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနည်းလမ်းတွေကို ကျင့်သုံးနေကြပြီဖြစ်ပါတယ်။


စွန့်ပစ်ပစ္စည်းတွေကို ထိထိရောက်ရောက် ခွဲခြားစွန့်ပစ်ခြင်းက အမှိုက်ပုံတွေမှာ အမှိုက်များစုပုံလာခြင်း၊ အမှိုက်တွေကို လျှော့ချနိုင်ရုံသာမက လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ အမှိုက်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေကို လျော့ကြစေနိုင်ပါတယ်။


ဒါဆိုရင် အမှိုက်တွေကို အမျိုးအစားအလိုက် ဘယ်လိုခွဲခြားစွန့်ပစ်ကြမလဲ?


အမှိုက်တွေကို ခွဲခြားစွန့်ပစ်ဖို့က မခက်ခဲပါဘူး။ ဒါပေမယ့်ခွဲခြားစွန့်ပစ်ဖို့အတွက်တော့ ဘယ်စွန့်ပစ်အမှိုက်တွေက ပြန်အသုံးပြုလို့ရ၊မရဆိုတာကိုလည်း သိဖို့လိုပါတယ်။ စွန်ပစ်အမှိုက်တွေအကြောင်း သိသင့်သလို ခွဲခြားစွန့်ပစ်ဖို့နည်းလမ်းမှန်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။


ဥပမာ - အချိုရည်ဘူး၊ရေသန့်ဘူးတွေလို ပလပ်စတစ်ဘူးတွေကိုသက်သက်၊ သတင်းစာနှင့် အသုံးပြုပြီးသား စက္ကူဟောင်းတွေကိုသက်သက်၊ မီးဖိုချောင်ထွက်အမှိုက်နှင့် စားကြွင်းစားကျန်တွေကိုသက်သက်၊ အသုံးပြုပြီးသားအီလက်ထရောနစ်ပစ္စည်းဟောင်းများကိုသက်သက် စသည်ဖြင့် ခွဲခြမ်းစွန့်ပစ်နိုင်ပါတယ်။


ဒါဆို recycle လုပ်ဖို့အတွက်ကရော?


မြန်မာနိုင်ငံမှာ အမှိုက်ခွဲခြားစွန့်ပစ်ရမယ့် Waste Station ကြီးတွေမရှိသေးတဲ့အပြင် ကိုယ်တိုင် Recycling ကျင့်စဉ်ကိုလိုက်နာဆောင်ရွက်ဖို့အတွက် အများပြည်သူလက်လမ်းမှီသလောက် စွန့်ပစ်အမှိုက်တွေကို RecyGlo အနေနဲ့ ဝန်ဆောင်မှုတစ်ခုနဲ့အတူ စီမံပေးနေတာဖြစ်ပြီး မိမိတို့ရဲ့စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် ခွဲခြားစွန့်ပစ်တတ်ဖို့လည်းထပ်မံနှိုးဆော်လိုက်ပါရစေ။


RecyGlo မှာလည်း ဒီလိုမျိုး အမှိုက်တွေကို ခွဲခြားစွန့်ပစ်ခြင်း(Waste Segregation ) ကို ကျင့်သုံးနေတဲ့အပြင် Waste Segregation နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း Training/ Workshop အနေနဲ့ဝေဌအကြံပေးလျက်ရှိပါတယ်။


RecyGlo မှ Waste Management and Recycling Service များနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ရန်ကုန်ရုံးဖုန်းနံပါတ် (09- 404 245 800, 09-263 223 496) နှင့် မန္တလေးရုံး (09-674909995) တို့ကို ဆက်သွယ်စုံစမ်းနိုင်သလို E-mail မှတဆင့် ဆက်သွယ်လိုပါက contact@recyglo.com နှင့် communication@recyglo.com တို့ကို ဆက်သွယ်နိုင်ပါတယ်။ RecyGlo မှာရနိုင်တဲ့ services တွေကို လေ့လာလိုပါက RecyGlo ရဲ့ Official website ဖြစ်တဲ့ www.recyglo.com နှင့် Facebook Page ဖြစ်တဲ့ RecyGlo Myanmar တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။




English Version:


What is waste segregation?


Waste segregation is the process of sorting and disposing of waste in order to recycle it. In developed countries, the importance of waste segregation has been recognized over the past decades, and waste disposal practices are being adopted to create a cleaner environment. Efficient waste segregation can not only reduce the accumulation of waste in landfills but also reduce the harmful effects of waste on humans and the environment.


Then, how can we segregate wastes?


It is not difficult to segregate waste. You can easily collect segregatedly of plastics like soft drinks and water bottles, papers like newspapers and old documents, organic wastes from the kitchen, and leftovers, and electronic wastes.


So, what about recycling?


In Myanmar, there is no Waste Segregation Station in public for individual waste management. Let us recommend segregating and disposing of the wastes from your home, school, office, and shops. RecyGlo is also working on waste segregation and is working on public awareness of waste segregation.


For more information about Waste Management and Recycling Services from RecyGlo, please contact our Yangon office at (09-404245800) and Mandalay office (09-674909995) or e-mail us at contact@recyglo.com and communication@recyglo.com. To learn more about the services available at RecyGlo, visit RecyGlo Official Website www.recyglo.com, and RecyGlo Myanmar Facebook Page.



130 views0 comments

Recent Posts

See All
bottom of page