top of page

Five Things That Will Change Your Daily Meal Routine

------English Version Below------


"သင့်ရဲ့တစ်နေ့တာစားသောက်မှုပုံစံကနေ သင့်ကိုပြောင်းလဲစေမယ့် အချက်ငါးချက်"


ခုလို COVID-19 ကြောင့် Work From Home ကာလမှာ သင့်စားသောက်မှုပုံစံကို ပြောင်းလဲယူလိုက်ပါ။


၁။ သင်ဝယ်ယူတဲ့ အစားအသောက်တွေက လတ်ဆတ်မှုရှိရဲ့လားဆိုတာ သင်ကိုယ်တိုင်လေ့လာသုံးသပ်မိရဲ့လား? ၃။ လွယ်ကူမြန်ဆန်စွာနဲ့ ပြင်ဆင်စားသုံးနိုင်တဲ့ အလေ့အကျင့်ကိုဘဲ သင်မှီဝဲနေမိသလား?


ဒီအရာတွေကို ခုပြောပြမယ့် အချက်လေးတွေနဲ့ တစ်နေ့ပြီးတစ်နေ့ ဖြေရှင်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။


နံပါတ် ၁ - သင်ဝယ်ယူမယ့် အသား၊ငါး၊အရွက်တွေကို တစ်ပတ်အတွင်း ချက်စားနိုင်တဲ့ ပမာဏလောက်ထိဘဲ ဝယ်ယူသိုလှောင်ပါ။ တစ်ပါတ်ထက်ပိုသိုလှောင်မိတဲ့ အသား၊ငါး၊အရွက်တွေက လတ်ဆတ်မှု မရှိတော့တဲ့အပြင် သင်နေ့စဉ်လိုအပ်နေတဲ့ အာဟာရဓါတ်တွေက ဓါတ်ပြယ်ကုန်သွားတာကြောင့်ပါ။


နံပါတ် ၂ - Readymade အစားအသောက်တွေထက်စာရင် အသီးအရွက်ဈေး (သို့) ပြည်တွင်းထွက် အသီးအရွက်စိုက်ပျိုးသူတွေဆီကနေ ဝယ်ယူစားသုံးပါ။ (မိမိကိုယ်တိုင် စိုက်ပျိုးထားတဲ့ ငရုတ်၊ကြက်သွန်၊နံနံ၊..... အဲ့ဒါတွေရှိနေရင် သင်ချက်ပြုတ်စားသောက်မှုအတွက် ပိုလို့တောင် အကုန်အကျသက်သာစေပါသေးတယ်)


နံပါတ် ၃ - စားသောက်ခြင်းက လူတွေရဲ့ တစ်နေ့တာယေဘုယျလုပ်နေကျ အလုပ်တစ်ခုဖြစ်လို့ ဒီလိုရောဂါဖြစ်နေတဲ့ အခြေအနေနဲ့ဆိုရင် ပိုလိုတောင်သတိထားရပါတယ်။ ဆိုတော့ သင့်မိသားစု၊ မောင်နှမတွေနဲ့ အချိန်ပေးပြီး အာဟာရမျှတတဲ့ အစားအသောက်တွေကို လေ့လာသင်ယူစားသောက်လို့ကောင်းတဲ့ အချိန်ဘဲပေါ့။


နံပါတ် ၄ - အိမ်ပြင်မထွက်ရတာဖြစ်တဲ့အတွက် သင့်စားသောက်မှုတွေက သင့်ဝိတ်ကိုအတက်အကျရှိစေနိုင်တာကြောင့် နေ့စဉ်ပုံမှန် အကျောဆန့် (သို့) သွေးလည်ပတ်မှုကောင်းစေမယ့်၊ စိတ်ကြည်လင်စေမယ့် လေ့ကျင့်ခန်းမျိုးရွေးလုပ်ပါ။ (လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းမျိုးရှောင်ကျဉ်ရန်)


နံပါတ် ၅ - အစားအသောက်ကို သင်တစ်နေ့ သုံးကြိမ်ထက်ပိုစားမိနေပြီဆိုရင် အစားအသောက်မဟုတ်တဲ့ သင်ဝါသနာပါရာ တစ်ခုခုကိုအာရုံစိုက်သင့်နေပါပြီ။


စားသောက်မှုတိုင်းမှာ အချိုဓါတ်များသွားခြင်းက ဦးနှောက်ဖွံ့ဖြိုးမှု ကိုတဖြည်းဖြည်းချင်းဖျက်ဆီးနေတာဖြစ်တဲ့အတွက် စားသောက်တဲ့အာဟာရတိုင်းမျှတနေဖို့လိုပါတယ်။ ခေါင်းလေးလံထိုင်းမှိုင်းခြင်း၊ ကိုယ်နှုံးချိခြင်းမျိုး အတွက် Vitamin-C သောက်သုံးဖို့တိုက်တွန်းပါတယ်။ ဒီထက်ပြင်းထန်တဲ့လက္ခဏာတွေရှိနေရင်တော့ COVID-19 ရောဂါပိုးစစ်ဖို့လိုနေပါပြီ။


နေ့ရက်တိုင်းမှာ ကျန်းကျန်းမာမာနဲ့ဖြတ်သန်းကြမယ်။



English Version:


"Five Things that will Change your Daily Meal Plan"


During COVID-19 pandemic, change your meal plan and eating routine with your Work From Home.


1. Have you personally observed that the food you buy is fresh? 3. Do you just go through the motions of eating fast and easy?


We suggest you address these issues day by day with the following points.


Step # 1- Buy meat, fish, and vegetables that you can cook, eat, and store in just one week. This is because the meat, fish, and vegetables that are stored for more than a week are no longer fresh and the nutrients you need every day are depleted.


Step # 2- Buy the veggies from the local market or gardeners from direct import in the local rather than having Readymade food. (If you grow your own peppers, onions, spices, etc., it will save you even more money on your cooking.)


Step # 3: Eating is a normal part of people's daily routine, so you need to be extra careful with this condition. It is a good time to spend time with your siblings, family, and learn to eat a balanced diet.


Step # 4: Because of the restriction and lockdown, you may gain or lose weight during a pandemic. You should do some stretches, exercise which reduce your extreme exhausts. It means to choose exercises that clear your mind. (Avoid strenuous exercise)


Step # 5: If you eat more than three times a day, you should focus on your non-food hobbies.


Eating too much sugar at every meal is slowly damaging brain development, so it is important to keep a balanced diet. Heavy dizziness: Vitamin-C is recommended for taking. If you have more severe symptoms, you may need to be tested for COVID-19.

Pass through every day in good health.


26 views0 comments

Recent Posts

See All
bottom of page