----------------------------- English version below:
ပလတ်စတစ်တွေရဲ့ ဆိုးကျိုးတွေကို အားလုံးလည်း သိထားပြီး ဖြစ်ပါတယ် ။
ဒီအပတ်မှာတော့ ပလတ်စတစ် လျှော့ချရေး နည်းလမ်းတွေကို ဆွေးနွေကြမယ်နော်။
ကျွန်တော်တို့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေ၊ ထုပ်ပိုးပလတ်စတစ်တွေ များများအသုံးပြုလေလေ ပလတ်စတစ်အမှိုက်တွေ များများထွက်လေလေပါ။ ထုတ်လုပ်သူများကလည်း များများထုတ်လေလေပေါ့။ ကျွန်တော်တို့သာ လျှော့သုံးလိုက်မယ်ဆိုရင် ထုတ်လုပ်အားလည်း ကျသွားမှာ အမှန်ပါပဲ။ ဒါကြောင့် အသစ်ဖြစ်တဲ့ ပလတ်စတစ်အိတ်တွေမသုံးတော့ပဲ အိမ်မှာ ရှိနေတဲ့သုံးပြီးသားပလတ်စတစ်အိတ်တွေကို ပြန်သုံးပါ။ အကယ်၍မသုံးချင်ရင် အလွယ်တကူ မစွန့်ပစ်လိုက်ပါနဲ့။ Recycle အမှိုက်ပုံးတွေထဲ သီးခြားခွဲ၍ ပစ်ပါ။ သီးခြားပစ်လို့ရတဲ့ အမှိုက်ပုံးမရှိဘူးဆိုရင် သီးသန့်ထုတ်ပိုးပြီး စွန့်ပစ်ပါ။ အမှိုက်ကောက်တဲ့သူတွေအတွက် လိုရမယ်ရပေါ့။
ဈေးဝယ်ထွက်ဖြစ်ရင် ကိုယ့်အိမ်က ပလတ်စတစ်အိတ်အဟောင်း (သို့မဟုတ်) ချည်သားအိတ်၊ စက္ကူအိတ်တွေကို သုံးသင့်ပါတယ်။ စက္ကူအိတ်တွေက တစ်ခါ၊ နှစ်ခါလောက်သုံးပြီး ပျက်စီးတတ်တဲ့အတွက်ကြောင့် စက္ကူအိတ်ထက် ချည်သားအိတ်လေးတွေ သုံးတာ အကောင်းဆုံးပါ လို့ပြောချင်ပါတယ်။
အားလုံးပဲ ပလတ်စတစ်အိတ်တွေကို လိုတာထက်ပိုပြီး မသုံးမိပါစေနဲ့နော်။ ကိုယ်သုံးလိုက်တဲ့ ပလတ်စတစ်အိတ်တွေအတွက် ကိုယ့်မှာလည်း တာဝန်ရှိပါတယ်။ စိမ်းလန်းစိုပြေတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ ရည်ရွယ်ချက်ထားပြီး အားလုံးပဲတစ်ပိုင်တစ်နိုင် ကြိုးစားရကြအောင်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Since we all know about the side effects of plastics.
Lets shall talk about how to reduce or limit the use of plastic bags.
The more plastic we use, the more plastic bags will be produced according to our demand. So things are still in our hands. Instead of using plastic bags while shopping, we should bring the old plastic bags, we have at home or we should use cotton bags instead. Paper bags can also be an alternative, but they can be damaged if we use paper bags more than two or three times. We can have one cotton bag and use it for a long time.
We can reuse the old plastic bags or we can throw them in waste segregation bins near us. If there are no waste segregation bins, we can give them to the recycling service providers.
Let’s start limiting the use of single-use plastic bags. Let’s start taking care of our planet and our people.
Comentarios