top of page

Let's Save the World by Choosing the Qualified Air-Conditioner for our Daily Usage

------English Version Below------


"လူသားတွေနေထိုင်မှုဘဝပုံစံ သက်တောင့်သက်သာဖြစ်အောင် လူသားတွေကဘဲ နည်းပညာသစ်တွေကို တီထွင်ထုတ်လုပ် အသုံးပြုလာကြတယ်..."


ဖြစ်ပျက်လာတဲ့ ကာင်းကျိုး၊ ဆိုးကျိုးတွေကို ထိန်းညှိတတ်ဖို့ကိုတော့ လူတိုင်းမေ့နေတတ်ကြပါတယ်။ အဓိက ပြသနာတွေထဲက ဖြေရှင်းရခက်ခဲနေတဲ့အရာက Air-conditionar (ခေါ်) လေအေးပေးစက် အသုံးပြုမှုပါဘဲ။ ဒီတော့ ဘယ်လို Air-conditionar တွေကို သုံးစွဲသင့်လဲဆိုတာကို RecyGlo နဲ့အတူတူ ဒီကနေ ဆက်လက်ဖတ်ရှူလေ့လာမျှဝေရအောင်။


ဒီနှစ်ပိုင်းတွေမှာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပိုပူလာတယ်။ အဲ့ချိန်မှာ လူတွေဟာဆိုရင် ပိုပူလာတယ်ဆိုပြီးပဲ ညီးတွားနေတတ်ကြပါတယ်။ကျွန်တော်တို့ အားလုံးဟာဆိုရင် ဘယ်ချိန်ဘဲရောက်ရောက် မိုးလုံ၊လေလုံ လုပ်ငန်းခွင်နေရာတွေနဲ့ မိမိတို့ အိမ်တွေမှာ သက်တောင့်သက်တာ ရှိစေဖို့နှင့် အပြင်ကအပူချိန်ကို အံတုနိုင်ဖို့ Air-Conditioner လို့ခေါ်တဲ့ လေအေးပေးစက်တွေကို တပ်ဆင်လာကြတယ်။ အသုံးပြုမှုကလည်း ခောတ်နဲ့အညီ တရှိန်ထိုးအဆမတန် မြှင့်တက်လာတာကိုလည်း မျက်မြင်ကိုယ်တွေ့ကြရမှာပါ။ အဲကွန်းက မီတာခ ဈေးနှုန်းကြောင့် ဝင်ငွေနဲ့ တွက်ရင် တချို့လူလတ်တန်းစားတွေ အနေနဲ့လည်း သိပ်မကိုက်ပါဘူး။ အချို့ နေရာတွေ အိမ်တွေမှာဆိုရင် တစ်ပတ်ကို ခုနစ်ရက် တစ်ရက်ကို 24 နာရီ ပတ်လုံးလေအေးပေးစက်တွေကိုပဲ မှီခိုနေရတယ်။ အဲ့လို နေ့စဉ်အဆက်မပျက်အသုံးပြုလာတဲ့အခါ အဆုတ်အအေးပတ်ခြင်း၊ ပန်းနာရင်ကျပ်နှင့် အသားရေ ခြောက်သွေ့ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းကဲ့သို့ ခန္တာကိုယ် အပေါ် များစွာသော ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများလည်း ရှိလာတာကိုတွေ့ရပါတယ်။ ဒီလိုပဲ.......လေအေးပေးစက်များက သဘာဝ ပတ်ဝန်းကျင်ကိုလည်း ဆိုးကျိုးသက်ရောက်စေကြောင်းတွေ့ရတယ်။


လေအေးပေးစက်တွေမှာပါဝင်တဲ့ CFCs နှင့် HFCs ဓာတုဓာတ်တွေက လေထုထဲ ထုတ်လွှတ်လိုက်တဲ့အခါ အိုဇုန်းလွှာ အပေါက်ကိုပိုကျယ်လာစေတယ်။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ အိုဇုန်းလွှာကို ဖျက်ဆီးစေတယ်။ ဒီလိုဆိုးကျိုးတွေကို မရှိအောင် Gas အမျိုးအစားအသစ်ကို တီထွင် အသုံးပြုလာကြတယ်။ အရင်တုန်းက R22 ဆိုတဲ့ Gas အမျိုးအစား အသုံးပြုပေမဲ့ အခုနောက်ပိုင်းမှာ R410A တို့ R32 ဆိုတဲ့ ပိုမိုကောင်းမွန်တဲ့ Gas တွေကို အသုံးပြုလာကြပါတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာတော့ R22 ကို အသုံးမပြုတာ ကြာပါပြီ။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံလဲ ပြုပြင်ပြောင်းလဲခြင်းကို စတင်လိုက်တာ နိုင်ငံတော်အစိုးရက ဇူလိုင်လ ၂၀၂၀ ကစတင်ပြီး R22 Gas ကို အသုံးပြုထားတဲ့ Air Conditioner ကို ရောင်းချခွင့် ပိတ်ပင်လိုက်တာပါဘဲ။


ကလိုရို-ဖလူရိုကာဗွန်နှင့် ဟိုက်ဒရို-ဖလူရိုကာဗွန်ကဲ့သို့အဆိပ်ဓာတ်ငွေ့များထုတ်လွှတ်ခြင်းကြောင့် မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးကိုပါပူနွေးလာစေရုံသာမက လေထု ညစ်ညမ်းမှုကိုပါတိုးပွားလာစေတယ်။ ဒါပေမယ့် အဓိကပြသာနာကတော့ ပတ်ဝန်းကျင်ပိုမို ပူပြင်းလာလေလေ လေအေးပေးစနစ်များအပေါ် ပိုမှီခိုလာလေ ဖြစ်နေခြင်းဖြစ်တယ်။ မဖြစ်မနေ အသစ်ဝယ် တပ်ဆင် အသုံးပြုတော့မယ့်သူတွေကို အကြံညဏ်ပေးချင်တာက R410 Air Con တွေကိုပဲ ဝယ်ယူ အသုံးပြုစေချင်ပါတယ်။ သို့သော် အဲကွန်းလေနဲ့ ပြင်ပလေထု မအပ်စပ်သလို အခန်း တွင်း အလုံပိတ်ပြီး အခန်းတွင်းရှိလေကိုပဲ အထပ်တလဲလဲ ပြန်အေးအောင် လုပ်ထားတာဖြစ်လို့ သဘာဝလေသာ အကောင်းဆုံးဖြစ်ပါတယ်။


ဒါကြောင့် အဲကွန်းအသုံးပြုမှု လျှော့ပြီး မိမိတို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးကို တတ်နိုင်တဲ့ဘက်မှ ကယ်ယူလိုက်ကြရအောင်…



English Version:


“New technologies are being developed and used to make people comfortable.”


Sometimes, the world is affected better or worse in unexpected conditions.


The weather is getting hotter and hotter these years than in previous years. For the reasons, people are just saying that the weather is getting hotter. Let's read on and learn about how we can manage the effect of using air-conditioner usage for our daily life.


We all can relate to the comforts of the air conditioner in both our summers and winters to ensure that the indoor workplaces are temperature-controlled and it is just used for comfort.

Air conditioning has been around for about a century, the production rate and then the consumption rate is directly proportional. Although, some middle-class people can’t afford to pay electricity bills to use the air conditioning system. For many people In some places however they rely on air conditioning 24 hours a day, seven days a week.


People use the air conditioning system in that way and air conditioners have detrimental health effects on our bodies such as respiratory system, asthma and allergies, dry skin, dry eyes and dehydration.The issue however is that air conditioning has been found to have damaging effects on the environment.CFCs and HFCs are both cooling agents that are in the air conditioners which, when released, increases the holes in the ozone over time.Air conditioners are complex machines that are made up of many different parts which work in several ways. Older air conditioners rely on CFC and HCFC and contribute to global warming in a major way. Even newer models, which rely more on HFCs and HFOs play a large role in ozone depletion. It destroys the ozone layer, which protects against ultraviolet radiation. A new type of gas is being developed to avoid these side effects. In the past, R22 was used, but now R410A and R32 are better.


R22 has not been used in developed countries for a long time. Now we, Myanmar, has begun to reform. The government has banned the sale of R22 gas air conditioners since July 2020. It seems the use of air conditioning is increasing pollution in the environment by releasing poisonous gases such as chlorofluorocarbons and hydro-chlorofluorocarbons. into the environment and is said to make the environment even hotter due to its contribution to global warming. But, the problem is that the hotter our environment gets, the more reliant we become on air conditioning systems.


Therefore, I would like to advise new buyers to buy only R410 Air Con. Of Course, natural air is the best, as the air conditioner does not mix with the outside air and the room is sealed and the same air is kept cool.


Let us save the world in which we live by reducing the air conditioning system usage rate.


RecyGlo Co., Ltd.

Waste Management & Recycling Technologies

09-404245800

contact@recyglo.com, communication@recyglo.com

www.recyglo.com



36 views0 comments

Recent Posts

See All
bottom of page