top of page

Types of Mercury

Updated: Nov 30, 2020

------Burmese Version Below------


Do you know how many types of mercury there are? What kind of mercury is found in what materials?


1. Elemental Mercury


Mercury is a very dense, naturally-occurring element. Mercury conducts electricity and expands and contracts uniformly with changing temperature. Mercury easily amalgamates with other metals, such as gold, silver, zinc, and cadmium. A closer look reveals that there are three different types of mercury, depending on the degree of toxicity. It is a very heavy and odorless silver liquid. It is also found in metals, a form of solid mercury, Liquid mercury and it is also well known as quicksilver.


Of these, the most leaking and the most exposed are thermometers. Mercury cannot be absorbed from the stomach of a normal healthy person and is not toxic. You will only have a rash without any severe symptoms. However, people with a history of the severe colorectal disease need to be expelled as soon as possible if mercury enters the stomach, and if mercury is found on abrasions, it should be thoroughly rinsed with water. Inhalation of mercury fumes can also damage the lungs. The more you use it, the more it gradually causes damage at the kidney.


2.Inorganic Mercury


This type is known as mercury salts and contains mercury chloride, Mercury Nitrate, and Mercury Sulfur Dioxide. These compounds are found in popular medicines and some Chinese herbal remedies contain large amounts of mercury and arsenic. Therefore, long-term use of mercury-containing products can lead to redness and blemishes on the skin. Other symptoms include nausea or vomiting and stomach ache. In addition to diarrhea, it can lead to nerve damage, tissue death in the neck causes cancer and even kidney failure.


3. Organic Mercury


Organic mercury compounds are found in a variety of products and are used medicinally in fungicides and antibiotics. In fact, the main source of mercury poisoning is eating mercury-contaminated fish and seafood. When methyl-mercury compounds dissolve in the oceans, fish in those oceans cause mercury poisoning, and mercury levels increase.

Studies show that organic mercury is more than 1,000 times higher in fish than in water. Therefore, if you suspect that a river or sea is contaminated with mercury, you should contact the relevant authorities to reduce and consume fish consumption. Eating mercury-soluble fish can be very dangerous for pregnant women. Exposure to the mother can also cause hearing loss in unborn babies.


If you have been exposed to mercury compounds and suspect you may have a disease, see your doctor. Because the symptoms are so numerous and widespread, only testing with a doctor will give accurate results.


If you want to prevent the spread of mercury as much as you can, you can visit RecyGlo's E-waste Recycling Services at www.recyglo.com.


For more info: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com www.recyglo.com

Burmese Version:



ဒီတစ်ပါတ်မှာတော့ မာကျူရီတွေရဲ့ အမျိုးအစားတွေနဲ့ သူတို့တွေရဲ့ အကျိုးသက်ရောက်မှုတွေကို တူတူလေ့လာရအောင်နော်။


မာကျူရီဆိုတာကတော့ သဘာဝတိုင်း တွေ့ရတဲ့ သိပ်သည်းဆများတဲ့ ဒြပ်စင် တစ်ခုပါဘဲ။ ရွှေ၊ ငွေ ၊ သွပ် နှင့် ကဒ်မီယမ်လိုမျိုး အခြားသတ္တု တွေနဲ့ အလွယ်တကူ ပေါင်းစပ်နိုင်သလို လျှပ်စစ် ဓာတ်အား ပို့လွှတ်နိုင်လို့ အီလက်ထရောနစ် ပစ္စည်းတွေမှာ အတွင်ကျယ် အသုံးပြုတာလည်း တွေ့ရပါမယ်။


ပိုပြီး အသေးစိတ်လေ့လာကြည့်မယ်ဆိုလျှင် အဆိပ်တောက် ဖြစ်စေနိုင်တဲ့ အဆင့်ပေါ်မူတည်ပြီး မာကျူရီ အမျိုးစား ၃မျိုး ကွဲ ပြားခြားနားကြောင်းတွေ့ရပါမယ်။


1. Elemental Mercury

အလွန်လေးလံပြီး အနံ့ မရှိတဲ့ ငွေရောင် အရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထို့အပြင် ၎င်းကို သတ္တု မာကျူရီ၊ အရည်မာကျူရီ၊ ငွေအရည်နဲ့ (quicksilver) အနေဖြင့် လူသိများကြပါတယ်။ ဒီလိုထိတွေ့ အသုံးပြု ခြင်းတွေထဲကမှ ယိုစိမ့်မှု အများးဆုံးနဲ့ ထိတွေ့မှု အများဆုံးက သာမိုမီတာ များ ဖြစ်ပေမဲ့ သာမန် ကျန်းမာသည့် လူကောင်း တစ်ယောက်ရဲ့ အစာအိမ်က နေတော့ မာကျူရီကို မစုပ်ယူ နိုင်သလို အဆိပ်တောက် မဖြစ်၊ လက္ခဏာအပြင်းထန် မပြဘဲ အဖုပိန့်များသာ ထွက်ပါလိမ့်မယ်။ သို့သော် ပြင်းထန် အူမကြီးရောဂါအခံ ရှိဖူးသူများ ကတော့ မာကျူရီများအစာအိမ်ထဲ ဝင်ရောက် သွားလျှင် အလျင်မြန် ပြန်စွန့်ထုတ်ဖို့ လိုအပ်သလို ပွန်းပဲ့ အနာများအပေါ် မာကျူရီ ဖိတ်စင်မိခဲ့ရင်လည်း ရေနဲ့သေချာ ပြန်ဆေးကြောဖို့ လိုပါတယ်နော်။ ထို့အပြင် မာကျူရီ အခိုးငွေ့ များကို ရှုရှိုက် မိခြင်း ကလည်း အဆုတ်ကို ထိခိုက်လာစေပါတယ်။


2.Inorganic Mercury


ဒီ အမျိုးစားကိုတော့ မာကျူရီဆားများ အနေနဲ့ လူသိများပြီး မာကျူရီ ကလိုရိုဒ်၊ မာကျူရီ နိုက်ဒရိုက် နဲ့ မာကျူရီ ဆာလဖာ(ပ်) တို့ပါဝင်ပါတယ်။ ထိုဒြပ်ပေါင်းများကို လူကြိုက်များသော ဆေးဝါးများနဲ့ တချို့ တရုတ်ဆေးဖက်ဝင်အပင်နဲ့ ဖော်စပ်ထားသော ဆေးများတွင် တွေ့ရပြီး မာကျူရီနှင့် အာဆင်းနစ် အဆိပ်သင့်စေနိုင်သော ပမာဏများစွာ ပါနေပါတယ်။ ဒါကြောင့် မာကျူရီ ပါဝင်သော အရာများကို ရေရှည် ကြာမြင့်စွာသုံးစွဲခြင်းဖြင့်အရေပြားနီရဲခြင်းနဲ့စွန်းထင်းခြင်းများဖြစ်ပေါ်လာစေတယ်။ အသုံးပြုတာများလာလေလေ ကျောက်ကပ်ကို တဖြည်းဖြည်း လှိုက်စားလေလေ ဖြစ်ပြီး ပျက်စီးလာစေတယ်။ အခြား လက္ခဏာများအနေနဲ့ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း ၊ သွေးဝမ်းသွားခြင်း တို့အပြင် ပိုမိုပြင်းထန်လာသောအခါ အာရုံကြောပျက်စီးခြင်း၊လည်ပင်းထဲရှိ တစ်ရှူးဆဲလ်များ သေဆုံးပြီး ကင်ဆာဖြစ်နိုင်ခြင်းနဲ့ နောက်ဆုံး ကျောက်ကပ် ပျက်နိုင်ပါတယ်။


3. Organic Mercury


အော်ဂဲနစ်မာကျူရီ ဒြပ်ပေါင်းများကို ထုတ်ကုန်အမျိုးမျိုးတွင်တွေ့ရပြီး ဆေးပညာအရ မှိုနဲ့ ပဋိဇီဝဆေး များတွင် အသုံးပြုကြပါတယ်။တကယ်တော့ ပြဒါးအဆိပ်သင့်ခြင်းရဲ့ အဓိက ပြဿနာ အရင်းမြစ်က မာကျူရီဓာတ်သင့်နေသော ငါးများ၊ ပင်လယ်စာများ စားသုံးခြင်းပါ။ မြစ်ချောင်း၊ အင်းအိုင်၊ သမုဒ္ဒရာများတွင် မီသိုင်း မာကျူရီ( methyl-mercury) ဒြပ်ပေါင်းများ ပျော်ဝင် ညစ်ညမ်းလာပါက ထိုပင်လယ်သမုဒ္ဒရာထဲရှိ ငါးများ မာကျူရီအဆိပ်သင့်ခြင်းနဲ့ မာကျူရီဓာတ်များ တိုးပွားလာပါတယ်။ လေ့လာချက်များအရ အော်ဂဲနစ်မာကျူရီ ပါဝင်မှုဟာ ရေထဲထက်စာရင် ငါးများတွင် အဆ ၁၀၀၀ ကျော်ပိုများနေပါတယ်။

ဒါကြောင့်မို့ မြစ်သို့မဟုတ် ပင်လယ်ဟာ ပြဒါးအဆိပ်သင့် ညစ်ညမ်းနေပြီဟု သံသယရှိပါက ငါးစားသုံးနှုန်းကို လျော့ချကြရန်နဲ့ ပြန်လည် သန့်စင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ် အကြောင်းကြား သတိပေးသင့်ပါတယ်။ထိုကဲ့သို့မာကျူရီဓာတ်ပျော်ဝင်နေတဲ့ ငါးများကို စားမိရင် ကိုယ်ဝန်သည်များအနေနဲ့လည်း အရမ်းကို အန္တရာယ်ရှိပါတယ်။ ထို့အတူ မိခင်နဲ့ ထိတွေ့မှုကြောင့် မမွေးသေးသော ကလေးများ တွင်ပင် အကြားအာရုံပျက်စီးခြင်းများ ဖြစ်စေနိုင်ပါတယ်။


အကယ်၍ သင်ဟာ မာကျူရီ ဒြပ်ပေါင်းများနှင့် ထိတွေ့ဖူးပြီး ရောဂါ ဖြစ်နေပြီဟု သံသယရှိပါက ဆရာဝန်နဲ့ တွေ့ပြီး စစ်ဆေးပါ။ ရောဂါလက္ခဏာများက အလွန်များပြီး ကျယ်ပြန့်သောကြောင့် ဆရာဝန်နဲ့ စမ်းသပ်ခြင်းသာ ပြဒါး အဆိပ်သင့်ခြင်း ဟုတ်မဟုတ် ဆုံးဖြစ်နိုင်ပါလိမ့်မယ်။


မာကျူရီတွေပြန့်နှံ့မှုကို မိမိတတ်နိုင်သလောက်တစ်ဘက်တစ်လမ်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ RecyGlo မှ E-waste Recycling Services တွေကို www.recyglo.com မှတစ်ဆင့် အသေးစိတ်ဝင်‌ရောက်လေ့လာလို့ရပါတယ်။


For more info: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com www.recyglo.com



73 views0 comments

Recent Posts

See All

Comments


bottom of page