top of page

Types of PPE Gowns

------English Version Below------


PPE တွေမှာလည်း အမျိုးအစားတွေအမျိုးမျိုးရှိတဲ့အကြောင်းကို ပြောပြပြီးပြီဖြစ်တဲ့အတွက် အခု Covid-19 ကပ်ရောဂါကာလအတွင်းမှာ ဆေးရုံဆေးခန်းများ၊ Covid ကုသရေးစင်တာများ၊ Quarantine စင်တာများနှင့် မြို့နယ်အလိုက် Fever Clinic တွေမှာအသုံးပြုများကြတဲ့ PPE Gowns တွေအကြောင်းကို ပြောပြပေးမယ်နော်။ PPE တွေအကြောင်းမသိသေးတဲ့သူတွေလည်း ဒီ link လေးကနေ ဖတ်လို့ရပါတယ်။ https://www.facebook.com/recyglo/posts/2734604226779685


Gowns ဆိုတာကတော့ ဆေးရုံဆေးခန်းတွေ၊ခွဲစိတ်ခန်းတွေနှင့် သုတေသနပြုလုပ်ခန်းတွေမှာအသုံးပြုလေ့ရှိတဲ့ PPE အမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။ Gowns တွေက အန္တရာယ်ရှိ‌သော ကူးစက်တတ်တဲ့ရောဂါပိုးရှိသူ (သို့) ပစ္စည်းတွေနှင့် ထိတွေ့ရတဲ့အခါမျိုးတွေမှာ ဝတ်ဆင်ထားသူကို မကူးစက်အောင် အဓိက ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် Gown ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းကနေ မမြင်နိုင်တဲ့ သေးငယ်ပြီးဇီဝသက်ရှိပိုးမွှားတွေကို အားနည်းတဲ့လူနာတွေဆီ မကူးစက်အောင်လည်း ကာကွယ်ပေးပါတယ်။


ဒီ့အပြင် PPE Gowns တွေမှာဆိုရင် Level 4 မျိုးရှိတာကိုလည်းပြောပြပါရစေ။


Level 1 ကိုတော့ သာမန်လူနာစောင့်ရှောက်မှု၊ တစ်ဦးတည်း သီးသန့်ခွဲခြားနေထိုင်ရသူများ၊ ဆေးရုံဆေးခန်းလာရောက်သော လူနာစောင့်များ စသဖြင့် အန္တရာယ်အနည်းဆုံးသော အခြေအနေမျိုးတွေမှာ ဝတ်ဆင်အသုံးပြုကြပါတယ်။


Level 2 ကိုတော့ ‌သွေးဖောက်စစ်ဆေးခြင်း၊ အနာချုပ်ခြင်း၊ အထူးကြပ်မတ်ကုသဆောင် (သို့) ရောဂါဗေဒဓာတ်ခွဲခန်းများ အန္တရာယ်သိပ်မပြင်းထန်သော အခြေအနေပတ်ဝန်းကျင်များတွင် တာဝန်ထမ်းဆောင်ရတဲ့အခါ ဝတ်ဆင်အသုံးပြုလေ့ရှိကြပါတယ်။


Level 3 ကိုတော့ သွေးလွှတ်ကြောမှသွေးဖောက်ခြင်း၊ အကြောဆေးများသွင်းခြင်း၊ အရေး‌ပေါ်ခန်းတွင် ကုသရသောအခြေအနေများ၊ ရုတ်တရက်မတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာရသော လူနာများကို ကုသပေးခြင်း စတဲ့ အန္တရာယ်ရှိသောအခြေအနေမျိုးတွေမှာ ဝတ်ဆင်ရပြီး

Level 4 ကတော့ ယခုဖြစ်ပွားလျက်ရှိတဲ့ Covid-19 ကဲ့သို့ လေမှတစ်ဆင့် ပြန့်နှံ့ကူးစက်တတ်သော‌ ရောဂါပိုးကူးစက်သူလူနာများနှင့် ထိတွေ့ကုသရသော အန္တရာယ်များသောအခြေအနေများတွင် အသုံးပြုလေ့ရှိကြပါတယ်။


Covid centers တွေမှာရှိတဲ့ ဆရာဝန်တွေ၊ nurse တွေ နှင့် Volunteer တွေဝတ်ဆင်ရတဲ့ PPE Gowns ကတော့ Level 4 ဖြစ်ပြီး ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန် Mask၊ လက်အိတ်နှင့် PPE boots တွေကိုပါ ထပ်မံဝတ်ဆင်ရပါတယ်။ ဆက်လက်ပြီးတော့ RecyGlo ကနေ PPE တွေနှင့်ပတ်သက်တဲ့သိကောင်းစရာတွေကို မျှ‌ဝေပေးသွားမှာဖြစ်တဲ့အတွက် RecyGlo Myanmar ရဲ့ Official Facebook Page ကို See First လုပ် (သို့) Website တွေမှာ တိုက်ရိုက်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပြီး မိမိရဲ့အကြံပေးချက်များကိုတော့ RecyGlo Post ရဲ့ Messenger (သို့) Comment ပေးခြင်းသော်လည်းကောင်း Email ပေးပို့ခြင်းဖြင့် အားပေးတိုက်တွန်းလို့ရပါကြောင်း ပန်ကြားပါရစေ။



English Version:


Do you know about PPE gowns?


We have already mentioned that there are different types of PPEs, so, let us share with you the PPE Gowns commonly used in hospitals, clinics, Covid treatment centers, Quarantine Centers, and Fever Clinics in townships during Covid-19 pandemic. If you do not know about PPE, you can read this link.

https://www.facebook.com/recyglo/posts/2734604226779685


Gowns are a type of PPE commonly used in hospitals, clinics, and research laboratories. They are used to protect the wearer from the spread of infection or illness if the wearer comes in contact with potentially infectious liquid and solid material. They may also be used to help prevent the gown wearer from transferring microorganisms that could harm vulnerable patients, such as those with weakened immune systems.


There are four levels of PPE Gowns. Level 1 is for minimal risk, to be used, for example, during basic care, standard isolation, a cover gown for visitors, or in a standard medical unit. Level 2 is for low risk, to be used, for example, during the blood draw, suturing, in the Intensive Care Unit (ICU), or a pathology lab. Level 3 is for moderate risk, to be used, for example, during the arterial blood draw, inserting an intravenous (IV) line, in the Emergency Room, or for trauma cases and Level 4 is often used in high-risk situations, such as the current Covid-19, in contact with infected airborne patients. PPE Gowns worn by doctors and volunteers from Covid Centers are Level 4 and include masks, boots, and gloves to prevent infection. You can also visit RecyGlo Myanmar's Official Facebook Page See First or visit the website directly as RecyGlo will be sharing more about PPE.


For more info:

RecyGlo Co., Ltd.

Waste Management & Recycling Technologies

09-404245800

contact@recyglo.com

www.recyglo.com


19 views0 comments

Recent Posts

See All
bottom of page