top of page

Where do PPE Boots are Applicable?

------English Version Below------


PPE Boots တွေကဘယ်မှာတွေမှာအသုံးဝင်တာလဲ?


အသက်ရှုလမ်းကြောင်းကနေ ကူးစက်တတ်တဲ့ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့ ပါးစပ်နှာခေါင်းစည်းတွေအသုံးပြုကြသလို ခြေနှင့် လက်တွေကိုလည်း အန္တရာယ်ရှိတဲ့ပစ္စည်းတွေနှင့် ထိတွေ့ခြင်းကနေ ကာကွယ်နိုင်ဖို့ လက်အိတ် (Gloves)နှင့် ကာကွယ်ရေးဖိနပ် (Safety boots) တို့ကိုဝတ်ဆင်ကြရပါတယ်။


ဆေးရုံသုံးလက်အိတ်အများစုကတော့ တစ်ခါသုံးဖြစ်တဲ့အတွက် အသုံးပြုပြီးတဲ့အခါ စွန့်ပစ်ဖို့လွယ်ကူပေမဲ့ Safety Boots တွေကတော့ တစ်ခါသုံးပြီးစွန့်ပစ်ဖို့ အဆင်မပြေလှပါဘူး။ အောင်မြင့်မိုရ်ကိုဗစ်စင်တာမှ ဆရာဝန်၊ သူနာပြုများနှင့် ဗော်လန်တီယာများ ဝတ်ဆင်အသုံးပြုရသော PPE ဖိနပ်များနှင့် ခြေညှပ်ဖိနပ်များကို ပြန်လည်ဆေးကြော သန့်စင်ကြတဲ့အကြောင်းကို မကြာသေးခင်ကပဲ တွေ့မိကြမယ်လို့ထင်ပါတယ်။ အခြားသော PPE တွေက တစ်ခါသုံးပြီး စွန့်ပစ်လိုက်ဖို့အတွက် အဆင်ပြေပေမဲ့ PPE ဖိနပ်ရှည်တွေကတော့ တစ်ခါအသုံးပြုပြီးတစ်ခု စွန့်ပစ်လိုက်ဖို့အတွက် ငွေကြေးအရလည်း ခက်ခဲပါတယ်။ PPE ဖိနပ်ရှည်တွေကို ဝတ်ဆင်ရတဲ့ ရည်ရွယ်ချက်ကတော့ ထိခိုက်မှုများကို ကာကွယ်နိုင်ဖို့သာမက ချော်လဲပြီး အရိုးထိခိုက်ခြင်းများမဖြစ်စေဖို့ အသုံးပြုကြပါတယ်။


ဓာတုဗေဒဆိုင်ရာ ‌အန္တရာယ်ရှိပစ္စည်းများနှင့်နီးကပ်စွာအလုပ်လုပ်သော ဓာတ်ခွဲခန်းများ၊ ဆောက်လုပ်‌ရေးလုပ်ငန်းခွင်များနှင့် အခြားသော အန္တရာယ်ရှိနိုင်သည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်သော လုပ်သားများအနေနှင့်လည်း PPE Safety Boots များကို ဝတ်ဆင်ရန်လိုအပ်ပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး Masks တွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းတွေမတူညီကြသလို PPE ဖိနပ် တွေမှာလည်း အမျိူးအစားပေါ်မူတည်ပြီး တစ်ခုနှင့်တစ်ခုအသုံးဝင်ပုံနှင့် ကာကွယ်ပေးနိုင်စွမ်းတွေကလည်း ကွဲပြားသွားကြပါတယ်။


နောက်တစ်ပါတ်မှာလည်း PPE safety shoes အမျိုးအစားတွေအကြောင်းကို အသေးစိတ်ပြောပြပေးသွားမှာဖြစ်တဲ့အတွက် RecyGlo Myanmar ရဲ့ Official Facebook Page ကို See First လုပ် (သို့) Website တွေမှာ တိုက်ရိုက်ဝင်ရောက် ဖတ်ရှုလေ့လာဖို့မမေ့နဲ့နော်။



English Version:


Do you know where doPPE shoes are applicable?


Gloves and goggles are used to protect against respiratory infections, as well as gloves and gloves to protect the feet and hands from exposure to harmful substances. Most hospital gloves are disposable and easy to dispose of after use, but safety boots are not disposable. You may have recently noticed that PPE shoes and flip flops used by doctors, nurses and volunteers in Aung Myint Mo Covid Center are being re-washed.


Other PPEs are disposable, but PPE boots are harder to dispose of. Other PPEs are disposable, but PPE boots are also financially difficult to dispose of one at a time. The purpose of wearing PPE boots is not only to prevent injuries but also to prevent slipping and bone injuries. Chemical Laboratories working closely with hazardous materials, workers working on construction sites and in other hazardous areas are also required to wear PPE Safety Boots. Masks have different protective properties depending on the type, and PPE shoes vary in their usefulness and protection depending on the type.


Next week we will cover more about PPE safety shoes, so be sure to check out RecyGlo Myanmar's Official Facebook Page or visit the website directly.


For more info: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com


12 views0 comments

Recent Posts

See All
bottom of page