top of page

Biodegradable Plastics

--------- English version below -------------


Biodegradable Plastics ဆိုတာ ဘာလဲ သိကြပါသလားခင်ဗျာ။ Biodegradable Plastics ဆိုတာ သဘာဝအတိုင်း ပတ်ဝန်းကျင်မှာ ပြိုကွဲပျက်စီးသွားနိုင်တဲ့ ပလတ်စတစ်အမျိုးအစားတွေဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ ဇီဝသက်ရှိတွေဟာ ဇီဝဗေဒကမ္မနည်းလမ်းတွေနဲ့ Biodegradable Plastics ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပြိုကွဲပျက်စီးစေနိုင်ပါတယ်။


Biodegradable Plastics တွေမှာ ပြင်းထန်ပြီး သိပ်သည်းဆများတဲ့ ဓာတုပစ္စည်းတွေ မပါဝင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီပလတ်စတစ်အမျိုးအစားတွေဟာ သဘာဝဖြစ်စဉ်တွေနဲ့ထိတွေ့မိတယ်ဆိုရင် အများဆုံး ၆ လအတွင်းမှာ ပြိုကွဲပျက်စီးသွားနိုင်ပါတယ်။ ဒါပေမဲ့ လုံးလုံးလျားလျား ပြိုကွဲပျက်စီးနိုင်တဲ့ သတ္တိတော့ မရှိပါဘူး။နောက်ဆုံးပြိုကွဲပျက်စီးသွားတဲ့ Biodegradable Plastics တွေဟာ ၂ မီလီမီတာလောက်သာရှိတဲ့ microplastics တွေပဲဖြစ်ပါတယ်။


စီးပွားရေးလုပ်ငန်းအများစုနဲ့ထုတ်လုပ်မှုလုပ်ငန်းအများစုဟာ ပလပ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ခိုင်မြဲစေတဲ့နည်းလမ်းတစ်ခုအဖြစ် Biodegradable Plastics တွေကို အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ မေးစရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ “ ဒီပလတ်စတစ်တွေက ရေရှည်တည်တံ့နိုင်ပါသလား” ဒါမှမဟုတ် “ ၎င်းဟာ ကျွန်ုပ်တို့အတွက် ပလတ်တစ်ညစ်ညမ်းမှုကိုဖြေရှင်းနိုင်သလား”။ ဒါပေမဲ့ သုတေသီတွေနဲ့ သိပ္ပံပညာရှင်တွေက ဒီ Biodegradable plastic တွေကို သဘောမကျကြပါဘူး။ လေ့လာတွေ့ရှိချက်အရ Biodegradable plasticတွေက မြေဆီလွှာထဲမှာ ၃ နှစ်ကြာ တည်ရှိပြီးတဲ့နောက်မှာလည်း လုံးဝပြိုကွဲပျက်စီးသွားခြင်းမရှိပါဘူးလို့ သိရှိရပါတယ်ခင်ဗျာ။



Biodegradable Plastics


So, what are Biodegradable Plastics?

Biodegradable Plastics are the plastics that can be broken down into smaller pieces of plastics naturally in the environment. This occurs when the microorganisms in the environment metabolize and breakdown the structure of biodegradable plastics into smaller pieces.


Biodegradable plastics do not contain high and heavy chemicals. Biodegradable plastics can break down in 6 months maximum when being exposed to natural processes. However, Biodegradable Plastics can not be broken down wholly. The final broken biodegradable plastics are microplastics which is around 2 millimeters.


Many businesses and production industries are using biodegradable plastics as a sustainable approach to solving plastic pollution. But the only question is “ Are Biodegradable Plastics sustainable?”, “Can it be the solution to our plastic pollution?” Researchers and scientists are not very fond of biodegradable plastics bags, a study found biodegradable plastics bags do not decompose completely after burying them in the soil for three years.



45 views0 comments

Recent Posts

See All
bottom of page