top of page

plastic packaging: essential or unnecessary?

----- Burmese Version Below-------------

According to the National Geographic article, 40% of all plastic produced goes to packaging products and foods, which are most used once and then discarded. All of our daily essential needs, groceries, and daily care are packed with plastics, and even if we try, we can’t help but buy them, even though we know that plastics can be so harmful to our surroundings and environment.

Original Unpacked, a sustainable and disposable free supermarket was launched in Berlin, Germany with the mission of initiating a sustainable approach to the customers’ daily consumption. In their stores, they have all of our daily essential needs and groceries free of plastic packaging.

Generally speaking, everything depends on our choice of purchasing. Do we really need unnecessary bags, Do we willing to buy sustainable zero waste products, or do we willing to buy unnecessary and recyclable plastic packaging? Yes, it is true that some food needed to packaged to make them nonperishable, however, there will not be a problem if we try to manage our waste properly.

Think twice before buying unnecessary packaging and kinds of stuff, refuse to accept unnecessary bags when dining out. It is the small habits of ours that can make a big impact, all we need is time and consistency.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


xxxxxxxxxxxxxxxxxxxxxxxxxxxx


National Geographic ကတင်ပြထားတဲ့ စာအရ တစ်ခါသုံးပလတ်စတစ်ထုတ်လုပ်မှုရဲ့ ၄၀ရာခိုင်နှုန်းဟာ အရာဝတ္ထု အသုံးအဆောင်ပစ္စည်းနဲ့အစားအသာက်ထုတ်ပိုးရာတွင် အသုံးပြုကြပါတယ်လို့သိရှိရပါတယ်။အဲ့ဒီ ၄၀%ဟာဆိုရင်လည်း တစ်ခဏတာအတွက် အသုံးပြုရန်ထုတ်လုပ်ထားခြင်းအတွက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်သုံး မရှိမဖြစ် ပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ စားသောက်ကုန်တေွဟာ တစ်ခါသုံးပလတ်စတစ်တွေနဲ့ပဲ ထုတ်ပိုးထားတဲ့အတွက် ဝယ်မသုံးပဲ ရှောင်လွဲလိုက်ဖို့အတွက်တော့ မလွယ်ကူလှပါဘူး။


Original Unpacked ဆိုတဲ့ Germany, Berlinမြို့က ကုန်စုံဆိုင်တစ်ဆိုင်မှာဆိုရင် စားသုံးသူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်ခြောက်နဲ့နေ့စဉ်တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများကို ပလတ်စတစ်အိတ်နဲ့ ပါကင်ပိတ်ထားတွေ လုံး၀မရောင်းပါဘူး။ တစ်ဆိုင်လုံးက zero plastic waste စနစ်နဲ့ ရောင်းတာပါ။ Original Unpacked ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်က စားသုံးသူ ‌Customers တွေကို Sustainable lifestyle ဆိုသည့်အတိုင်း မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲထိန်းသိမ်းစောင့်ရှောက်နေထိုင်ခြင်းကို မိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။


ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ဝယ်သမျှပစ္စည်းတိုင်းဟာ ကျွန်တော်တို့ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ မလိုအပ်တဲ့ အိတ်တွေ၊ ပလတ်စတစ်နဲ့ထုတ်ထားတဲ့အိတ်တွေကို များများစားစား ဝယ်သင့်၊ မဝယ်သင့်ဆိုတာ ကိုယ့်ရွေးချယ်မှု အပေါ်မှာပဲ မူတည်ပါတယ်နော်။ ကျွန်တော်တို့နေ့စဉ်စားသုံးဖြစ်တဲ့ အစားအသောက်တော်တော်များများကို လေ၊ ရေ မဝင်စေဖို့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေနဲ့ ထုတ်ပိုးထားတာ မှန်သော်လည်း မိမိတို့ စားသုံးပြီးတဲ့အခါမှာ စနစ်တကျ ဘယ်လိုစွန့်ပစ်ရင် ပိုအဆင်ပြေမလဲဆိုတာ စဉ်းစားရပါမယ်၊၊ တတ်နိုင်သမျှ အဲ့ဒီ့တစ်ခါသုံး ပလတ်စတစ်တွေနဲ့ထုတ်ပိုးထားတဲ့ စားသောက်ကုန်တွေကို လျှော့သုံးတာကောင်းပါတယ်။


ဈေးဝယ်သွားရင် ပလတ်စတစ်အိတ်အပိုတွေကို လက်မခံမီ ကိုယ့်အတွက် တကယ္လိုအပ်လား၊ မလိုအပ်လား၊ ဆိုတာ စဉ်းစားပေးကြပါ။အစားအသောက်များပါဆယ္မှာရင်လည်း ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ဇွန်းတွေကို မလိုအပ်ဘဲ လက်မခံကြပါနဲ့။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းသေးသေးတွေက ကျွန်တော်တို့ကမ္ဘာကြီးအပေါ် လွမ်းမိုးမှုရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအချိန်မှာ ကျွန်တော်တို့အတွက်လိုအပ်တာက ဇွဲရှိရှိနဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းသွားဖို့ပဲဖြစ်ပါတယ်။




57 views0 comments
bottom of page