top of page

E-Waste Recycling Culture in Global

Updated: Oct 6, 2020


-----(English version below)--------


နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းများ ၀ယ်ယူသုံးစွဲမှသာလျှင် ခေတ်နှင့်အမီလိုက်နိုင်မည်ဆိုသော ခံယူချက်တွေကလည်း ယနေ့ခေတ်လူငယ်များကြားမှာ ရေပန်းစားလျက်ရှိနေပါတယ်။ ဒါဆိုရင် အသစ်တွေနဲ့အစားထိုးခံလိုက်ရတဲ့ အီလက်ထ‌ရောနစ်ပစ္စည်းတွေအဟောင်းတွေက‌ ဘာတွေဖြစ်သွားလဲဆိုတာရောသိကြလား?


“ဘယ်နိုင်ငံတွေက အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေအများဆုံးထွက်တာလဲ?”


ကမ္ဘာလုံးဆိုင်ရာ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်မှတ်တမ်းများအရ အိန္ဒိယဟာနှစ်စဉ် e-waste တန်ချိန် ၂ သန်းခန့်ထုတ်လုပ်ပြီး အမေရိကန်၊ ဂျပန်၊ဂျာမနီနှင့်တရုတ်ပြီးလျှင် အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့ နိုင်ငံတွေအနက် ပဉ္စမနေရာမှ ာရှိနေပါတယ်။ ၂၀၁၆ မှ ၂၀၁၇ အတွင်း အိန္ဒိယဟာ e-waste ဝ.၀၃၆ သန်းခန့်မျှသာ ပြန်လည်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ၉၅ ရာခိုင်နှုန်းခန့်သော e-waste တွေက အစီအစဉ်မကျတဲ့ ပြန်လည်အသုံးပြုခြင်းလုပ်ငန်းတွေနဲ့ ရေနံစိမ်းလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုတတ်ကြပါတယ်။ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာလည်း စနစ်မကျတဲ့ ထုတ်လုပ်မှုနည်းပညာတွေကြောင့် အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းမှာ တွေ့ရတတ်တဲ့ ကိုဘော့ (လက်ပ်တော့၊ စမတ်ဖုန်းနှင့်လျှပ်စစ်ကားဘက်ထရီများတွင်အများစုပါဝင်နေသောသတ္တု) ကို ပြန်လည်စုဆောင်းနိုင်မှုနှုန်းက ၃၀ ရာခိုင်နှုန်းသာရှိတယ်လို့ဖော်ပြထားတာလည်းတွေ့ရပါတယ်။


*********************************


“ဘယ်နိုင်ငံတွေက အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေကို အများဆုံးပြန်လည်ထုတ်လုပ်အသုံးပြုကြလဲ?”


ဆွစ်ဇာလန်နိုင်ငံက ကမ္ဘာပေါ်မှာအီလက်ထရောနစ်စွန့်ပစ်ပစ္စည်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမယ့် တစ်နိုင်ငံလုံးက အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း ၇၅ ရာခိုင်နှုန်းခန့်ကိုစုဆောင်းပြီး ပြန်လည်အသုံးပြုကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ပြည်သူတွေကို အသုံးမပြုတော့တဲ့ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုထုတ်လုပ်တဲ့စင်တာတွေ သို့မဟုတ် စွန့်ပစ်မဲ့ ပစ္စည်းနှင့်အမျိုးအစားတူ ပစ္စည်းတွေကိုရောင်းတဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မည်သည့်ဆိုင်ကိုမဆို ပြန်ပို့ပေးလို့ရအောင် သေသေချာချာစီစဉ်ထားတဲ့ စနစ်ကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအပြင် အခုဆိုရင် ကမ္ဘာ့အကြီးဆုံးအီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်တဲ့စက်ရုံကြီးကို 'Enviroserve' ကုမ္ပဏီမှ ဒူဘိုင်းရှိ ဒူဘိုင်းစက်မှုဥယျာဉ်မှာ စုစုပေါင်းကုန်ကျငွေဒေါ်လာ ၅ သန်းဖြင့် ဖွင့်လှစ်ခဲ့ပြီးကြောင်းဖြစ်ပါတယ်။ အဲ့ဒီ စက်ရုံကြီးကတော့ စွန့်ပစ်လျှပ်စစ်ပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းကိရိယာများ၊ အိုင်တီပိုင်းဆိုင်ရာစွန့်ပစ်ပစ္စည်းများ၊ ရေခဲသေတ္တာကဲ့သို့ အအေးဓာတ်ငွေ့နှင့် အထူးစွန့်ပစ်ပစ္စည်းများကိုပြန်လည်အသုံးပြုမယ်လို့ကြေညာထားပါတယ်။


အခုဆိုရင် ကိုယ်စွန့်ပစ်လိုက်တဲ့ e-waste တွေက ဘယ်လိုမျိူးတွေထိခိုက်စေတာရော၊ ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုးပြန်လည်ထုတ်လုပ်ကြပြီး အခက်အခဲတွေအများကြီးရှိတယ် ဆိုတာလည်းသိပြီးကြပြီဆိုတော့ မလိုအပ်ဘဲ နောက်ဆုံးပေါ် အီလက်ထ‌ရောနစ်ပစ္စည်းတွေ ဝယ်ယူခြင်းကို RecyGlo မှ ဝန်ဆောင်မှုပေးနေတဲ့ E-Waste Recycling ကျင့်စဉ်တွေနဲ့အတူတူ လိုက်နာဆောင်ရွက်ကြရအောင်နော်။


E-Waste Recycling ဝန်ဆောင်မှုပုံးအတွက် မြန်မာနိုင်ငံရှိ အနယ်နယ်အရပ်ရပ်မှ လူကြီးမိဘများအတွက် 09 404 245 800 ကိုတိုက်ရိုက်ဆက်သွယ်မှာယူလိုက်ပါ။




English Version:


In today’s increasingly technology-dominated world, it seems that we’re always on the lookout for the next upgrade on our mobile phone, the next games console to distract us from work and the next gadget to monitor every waking (and sleeping!) aspect of our daily lives. The notion that purchasing the latest electronics can keep up with the modern society is gaining popularity among today's youth.


But what happens to the old electronics once they have been replaced with the new?


While a percentage of these computers, smartphones, printers, DVD players, TVs and other electronics are recycled the majority of them simply end up as e-waste in a landfill. Only 20 percent of global e-waste is recycled.


Which countries produce the most e waste?


According to the Global E-Waste Monitor 2017, India generates about 2 million tonnes (MT) of e-waste annually and ranks fifth among e-waste producing countries, after the US, China,Japan and Germany. In 2016-17, India treated only 0.036 million tonnes of its e-waste.About 95 per cent of India’s e-waste is recycled in the informal sector and in a crude manner. The UN report indicates that due to poor extraction techniques, the total recovery rate of cobalt (the metal which is in great demand for laptop, smartphone and electric car batteries) from e-waste is only 30 percent.


Which country recycles the most e waste?


Switzerland, Despite being one of the biggest global producers of e-waste – the country collects and recycles roughly 75 percent of this discarded material. This is thanks to a strong and convenient voluntary ‘take-back’ system, where consumers can take e-waste to a dedicated recycling collection point or any electronic shop that sells the same type of equipment throughout the country.Moreover, The world’s largest e-waste recycling plant has been opened in Dubai Industrial Park, Dubai by ‘Enviroserve’ company with a total cost of $5 million. It will recycle Waste Electrical and Electronic Equipment (WEEE), IT asset disposition (ITAD), refrigerant gas and specialized waste.


Now that we all know where the recycling process is transacted and how much trouble there is, so, let's reduce the unnecessary purchases of the latest electronics with us.


Don't hesitate to ring us for more inquiries of E-Waste Recycling Drop-Box to 09 404 245 800.


61 views0 comments

Recent Posts

See All
bottom of page