top of page

Facts About Microwave You Don't Know Yet

------English Version Below------

"သင်မသိသေးသော မိုက်ခရိုဝေ့များအကြောင်း"

ကျောက်ခေတ်မှာ လူတွေက အသားကို အစိမ်းစားကြတယ်...အခု ကျမတို့ခေတ်မှာ မိုက်ခရိုဝေ့လို ခေတ်မှီ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ချက်ပြုတ်ကြော်လှော်ပြီး အရသာရှိအောင် လုပ်စားလာကြပြီ။

1970 ခုနှစ်လောက်မှာ မိုက်ခရိုဝေ့တွေဟာ လူကြိုက်များလာပြီး မိသားစုတိုင်းရဲ့ ချက်ပြုတ်ရေး ကဏ္ဍမှာ ပိုမိုအသုံးဝင်၍ အဆင်မြင့်လာကြတာပါဘဲ။ မိုက်ခရိုဝေ့တွေကတော့ အလွန်သေးငယ်တဲ့ စွမ်းအင်မြင့် ရေဒီယိုလှိုင်းများကို အသုံးပြုပြီး အစားစာကို အကျက် ညီမျှအောင် ချက်ပြုတ်ပေးတာပါ။ ဒါကြောင့်.. အချက်အပြုတ်မကျွမ်းကျင်တဲ့သူတွေ အလုပ်မအားတဲ့သူတွေအတွက် အချိန်ကုန်သက်သာစေလို့ တကယ့်ကိုကယ်တင်ရှင်ပါ။ ဒါပေမယ့်လည်း မိုက်ခရိုဝေ့တွေဟာ ရေဒီယိုလှိုင်း (radiation) ကိုအသုံးပြုတာဖြစ်လို့ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး အသုံးပြုသူများအနေနဲ့လည်း တချို့ ဆိုးကျိုး သက်ရောက်မှုများရှိလာလို့ လျှော့ချဖို့နှင့် air-fryers လို ပိုကောင်းသော ပစ္စည်းတွေကို ရွေးချယ်ဖို့ လုပ်နေကြပါတယ်။

ဆိုတော့နှစ်စဉ်..မိုက်ခရိုဝေ့ပေါင်း သန်း 130 မှ ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် 7.7 သန်းကို လေထုထဲသို့ ထုတ်လွှင့်လျက်ရှိနေတာကိုလည်းလေ့လာသတိထားသင့်နေပါပြီ။ ကျန်းမာရေး ရှုထောင့်ကနေပြန်ကြည့်မယ်ဆိုရင်လည်း မိုက်ခရိုဝေ့နဲ့ ချက်ပြုတ်ထားတဲ့ အစားစာတွေကို စားသုံးနေတဲ့သူတွေရဲ့သွေးထဲမှာ သွေးနီဥတွေနည်းသွားပြီး သွေးဖြူဥတွေ ပိုများလာသလို ကိုလက်စရော level လည်း ပိုမြင့်လာကြတာပါဘဲ။ မိုက်ခရိုဝေ့ထဲထည့်ထားသော ရေကို အပင်တွေကို လောင်းရင်တောင် အပင်ဆက်လက် မကြီးထွားနိုင်တော့တာ ...အရောင်မှိန်လာပြီး အပင်ကိုတောင်သေစေနိုင်ပါတယ်။

ပျက်စီးယိုယွင်းနေတဲ့ မိုက်ခရိုဝေ့တွေမှာလည်း ဓာတ်ရောင်ခြည်ယိုစိမ့်မှု ဖြစ်ပွားနိုင်သလို ၎င်းမှ ထုတ်လွှင့်နေတဲ့ 2.4 GHz ရှိတဲ့ ရေဒီယိုလှိုင်းတွေက လူ့နှလုံးခုန်နှုန်းကိုလည်း သက်ရောက်မှုရှိနေတာကြောင့် အသုံးပြုသူတွေအနေနဲ့ ချက်ပြုတ်နေတဲ့အခါ အနည်းဆုံး ၆ပေအကွာကနေ နေဖို့ပါ။ ဒါအပြင့် ပလတ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ အစားစာတွေကို မိုက်ခရိုထဲ ထည့်ချက်ပြီး စားရင်ကင်ဆာဖြစ်နိုင်လို့ ဖန်ခွက် သို့ ကြွေခွက်ဖြင့်သာ ထည့်ချက်ဖို့ အကြံပြုချင်ပါတယ်။

ဒါပြီးရင်တော့ စွန့်ပစ်အမှိုက်ပြဿနာပါ။

ဈေးနှုန်းသင့်တင့်တဲ့ အခြားနောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းတွေကိုဝယ်ယူဖို့ ပစ္စည်းသက်တမ်း မကုန်ဆုံးခင်မှာပဲ စွန့်ပစ်လာာတာကြောင့် မိုက်ခရိုဝေ့ဟာ အလျင်မြန်ဆုံးတိုးတက်နေတဲ့ စွန့်ပစ်ပစ္စည်းတစ်ခု ဖြစ်လာတာပါဘဲ။

"ပျက်သွားရင် ပြန်ပြင်သုံးလို့ရသေးရင် သုံးပါ။" "မလိုအပ်တော့ရင် အလိုရှိတဲ့သူကို မျှဝေပါ။"

ဒါကြောင့် .... မလိုအပ်ဘဲ မိုက်ခရိုဝေ့များကို မသုံးဖို့နှင့် အသုံးပြုဖို့ လိုအပ်ပါကလည်း စံချိန် စံညွန်းနဲ့ ကိုက်ညီတဲ့ မိုက်ခရိုများသုံးပြီး သတ်မှတ်ထားသော အညွန်းများကို သေချာလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။


English Version:

"Facts About Microwave You Don’t Know Yet"

In the old age, people ate raw meat…..nowadays, we cook and fry tasty food with modern kitchen appliances like microwaves. When microwave ovens were becoming more popular in the 1970s, they lifted household convenience to a new level. A microwave oven uses tiny, high-powered radio waves to cook food more evenly. It’s hailed as a lifesaver for those who can’t, or won’t cook and busy people.

However, microwaves are harming the environment because they use radio waves (radiation), and consumers do to reduce their impact and choose better equipment, such as air-fryers. Every year, 130 million microwaves emit 7.7 million tons of carbon dioxide into the atmosphere.

From a health point of view, the result of people who eat foods cooked in the microwave show that red blood cells decrease while white cell levels increase, along with higher cholesterol levels.

Even if you water the plants with the boiled water of the microwave, then they will not continue to grow ... they will fade and even die. Damaged microwaves can also cause radiation leaks, and the 2.4 GHz radio waves emitted can also affect the human heart rate, so users should stay at least 6 feets away while cooking with microwaves.

Plastic food containers that are microwaved may leach toxic chemicals into the food and should thus be avoided and use glass instead.

It is also a waste problem.Microwave has become one of the fastest growing waste because it is discarded just before the expiration date to buy the latest and most affordable electronics.

“If it breaks, fix and use it again if you can.” "Share when you no longer need it.”

Therefore, do not use the microwave unnecessarily, and if you need to use it, we recommend that you follow the instructions and guidelines to use microwaves.


For more information: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com www.recyglo.com

57 views0 comments

Recent Posts

See All
bottom of page