top of page

Food Waste and Climate Change

------English Version Below------


ဥပဒေချမှတ်သူများနှင့် စွန့်ဦးတီထွင်သူများအပေါ် အစားအစာစွန့်ပစ်ပစ္စည်းများအတွက် ဖြေရှင်းချက်များ

ကမ္ဘာ့တောင်သူလယ်သမားများသည် တစ်ကမ္ဘာလုံးရှိ လူ သန်းပေါင်း ၁၀ ဘီလီယံကို လုံလောက်စွာ စားသုံးနိုင်ရန် စားနပ်ရိက္ခာများကို စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ သို့ပေမဲ့လည်း လူသန်းပေါင်း ၇၅၀ ကတော့ စားနပ်ရိက္ခာငတ်မွတ်ခေါင်းပါးနေကြပြီး အစားအစာတန်ပေါင်း ၁.၃ ဘီလီယံခန့်ကတော့ စွန့်ပစ်ခံနေရပါတယ်။


အဲဒီ့ပမာဏတွေက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ လေးပုံတစ်ပုံကို ဖြစ်ပေါ်စေပါတယ်။ အကယ်၍ အမှိုက်ပုံတွေမှာစွန့်ပစ်ခံထားရတဲ့ အစားအသောက်တွေကို ကျွန်တော်တို့တွေစားသုံးလို့ရတဲ့ နေ့စဉ်အစားအသောက်အဖြစ်ပြောင်းလဲလို့ရမယ်ဆိုရင် ငတ်မွတ်နေတဲ့ လူသန်း‌ပေါင်း ၁.၈ ဘီလီယံခန့်ကို ကျွေးမွေးနိုင်မှာဖြစ်ပါတယ်။


ဒီကိန်းဂဏန်းတွေကို ကြည့်တာနဲ့တင် ကျွန်တော်တို့တွေ လက်ရှိစားသုံးနေတဲ့ အစားအသောက်တွေက စီးပွားရေးအရရော လူမှုရေးအရအပြင် သဘာဝပတ်ဝန်းကျင်အရပါ တန်ဖိုးကြီးမြင့်တယ်ဆိုတာ သိနိုင်ပါတယ်။

ဒီပြဿနာရဲ့အဖြေက ဥပဒေချမှတ်သူများအပေါ် မူတည်နေတယ်လို့ဆိုပေမယ့် တိုးတက်လာနေတဲ့ နည်းပညာတွေကလည်း ဖြေရှင်းနိုင်မယ်လို့ကောက်ချက်ချရပါတယ်။


ဥရောပသည် အစားအစာကွင်းဆက်နှင့် စွန့်ပစ်ပစ္စည်းဥပဒေပြဌာန်းခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖြုန်းတီးမှူကို ဦးဆောင်တာ်လှန်တဲ့နိုင်ငံဖြစ်ပါတယ်။ ဥပမာ - ပြင်သစ်နိုင်ငံက အစိုးရဟာဆိုရင် စူပါမားကတ်တွေမှာ ‌ရောင်းမကုန်တဲ့စားသောက်ကုန်တွေနှင့် ပြန်လည်ပြုပြင်စားသောက်နိုင်တဲ့အစားအစာတွေကို လွှင့်ပစ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို တားမြစ်ထားပါတယ်။


အကယ်၍ ကုန်ပဒေသာစတိုးဆိုင်များအနေနှင့် ဤဥပဒေကိုချိုးဖောက်ပါက ချိုးဖောက်မှုတစ်ခုစီအတွက်ဒေါ်လာ ၄၅၀၀ အထိ ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။ ဒီဥပဒေက စူပါမားကက်များကို သူတို့၏ကုန်ပစ္စည်းပေးသွင်းသူများထံမှ အလွန်အကျွံမှာယူမှုများကို ထိန်းချုပ်ရန်နှင့် ပိုလျှံသောအစားအစာများကို ပရဟိတလုပ်ငန်းများသို့လှူဒါန်းရန်အတွက် တွန်းအားဖြစ်စေပါတယ်။


အီတလီနိုင်ငံက အစိုးရဟာဆိုရင် စီးပွားရေးလုပ်ငန်းတွေကို ရောင်းမကုန်တဲ့အစားအသောက်တွေကို လူမှုဖူလုံရေးအဖွဲ့အစည်းတွေမှာ လှုဒါန်းနိုင်ရန်အတွက် အခွန်လျှော့ချပေးခြင်း စတဲ့ မက်လုံးတွေပေးလေ့ရှိပါတယ်။


အစားအစာစွန့်ပစ်ပစ္စည်းတွေနှင့်ပတ်သက်တဲ့ ပြဿနာတွေကို လျှော့ချနိုင်ဖို့ အစိုးရများသာ ကြိုးပမ်းနေကြခြင်းမဟုတ်ဘဲ ယနေ့ခေတ်တိုးတက်လာနေတဲ့ နည်းပညာနှင့်ပတ်သက်ပြီး ပူးပေါင်းအားပေးလျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များကလည်း စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအကြား အပြန်အလှန်အကျိုးပြုနိုင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။


အစာကွင်းဆက်အတွင်းကနေအစားအစာစွန့်ပစ်ပစ္စည်းတွေနှင့်ပတ်သက်တဲ့ ပြဿနာတွေအပေါ် ဖြေရှင်းမှုကို အာရုံစူးစိုက်မှုရနေတဲ့ တချို့နည်းလမ်းတွေကတော့ အစားအစာလိုအပ်နေသူတွေနှင့် ပိုလျှံနေသူများကို ချိတ်ဆက်ပေးခြင်း၊ အမြင်လှစေရန် ပြန်လည်ထုတ်ပိုးပြင်ဆင်ပြီး ပြန်လည်ရောင်းချခြင်း၊ အစားအစာကို ကြာရှည်ခံအောင် ထိန်းသိမ်းရန်အတွက် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းနှင့် သက်တမ်းကုန်ခါနီးအစားအသောက်တွေကို ပြန်လည်ပြုပြင်ထုတ်လုပ်ရန်အတွက် နည်းလမ်းများရှာဖွေခြင်း စသည်တို့ပဲဖြစ်ပါတယ်။


တိုးတက်လာတဲ့ နည်းပညာက ကုန်ကြမ်းကွင်းဆက်ကို အကျိုးသက်ရောက်နိုင်စွမ်းရှိတဲ့ အလားအလာပါရှိပေမယ့် ပြဿနာကိုတော့ ဖြေရှင်းနိုင်စွမ်းမရှိသေးပါဘူး။ ကျွန်တော်တို့ လက်ရှိလိုအပ်နေတာကတော့ ကုန်ကြမ်းထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက် ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ အစာကွင်းဆက်အတွင်းရှိ စွန့်ပစ်အစားအစာတွေနှင့်ပတ်သက်ပြီး ယုံကြည်စိတ်ချနိုင်တဲ့ နည်းပညာတွေလိုအပ်နေခြင်းနှင့် စွန့်ပစ်အစားအစာများအကြောင်း အသိပေးလှုံ့ဆော်မှုတို့ပင် ဖြစ်ပါတယ်။


ပြန်လည်ထုတ်လုပ်စားသုံးမရတဲ့ အစားအစာစွန့်ပစ်ပစ္စည်းတွေကို သဘာဝမြေဆွေးများအဖြစ် ပြန်လည်ပြုလုပ်ခြင်းသည်လည်း ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်က သင့်အိမ်၊ ရုံးနှင့် ဆိုင်ခန်းများမှထွက်သော အစားအစာစွန့်ပစ်ပစ္စည်းများကို ပြန်လည် recycle/ compost ပြုလုပ်လိုပါက RecyGlo Myanmar မှ Organic Waste Recycling Services တွေကို ရယူနိုင်ပါတယ်။


အသေးစိတ်သိရှိလိုပါက RecyGlo Myanmar ရဲ့ Official Website ဖြစ်တဲ့ www.recyglo.com နှင့် RecyGlo Myanmar Facebook Page များမှာလည်း ဝင်ရောက်စုံစမ်းလို့ရသလို အီးမေလ်းလိပ်စာများဖြစ်တဲ့ contact@recyglo.com နှင့် communication@recyglo.com သို့ ဆက်သွယ်မေးမြန်းပြီး သင်နှင့် သင့်ပတ်ဝန်းကျင်အတွက် သင်ကိုယ်တိုင်ပြောင်းလဲစေပါ။



English Version:


Centralizing Policy Makers and Entrepreneurs to solve Food Waste


World farmers produce enough to feed 10 billion people. However, 750 million people are starving, and yet 1.3 billion tons of food gets thrown away, causing a quarter of greenhouse gas emissions. If all the food that is in landfills is converted into meals, we can feed 1,800,000,000(1.8 billion), people. This figure alone tells us that food practices we currently use are economically, socially, and environmentally expensive. The ultimate answers may lie with policymakers; however, a growing number of technology can help too.


Europe is the head of the global food revolution when it comes to the food chain and waste legislation. For instance, in France, governments ban supermarkets from throwing away and destroying unsold, editable food. If grocery stores violate this law, they face up to $4,500 for each infraction. This legislation forces supermarkets to not order excessive food from their suppliers and to donate excess food to charities. In Italy, governments offer incentives(i.e. paying fewer taxes) to businesses to donate their unsold food to charities.


Governments are not the only ones who are trying to tackle the problem of food waste, business leaders have also been playing a role in encouraging and integrating technology to reduce food waste during business and consumer interaction. Some technologies that have been gaining traction on solving the problem of food waste in the food chain are marrying people with surplus food with people who want food, repackaging and reselling cosmetically challenged food, new ways to preserve food and new ways to diagnose food when they are about to spoil.


Technology has the ability and potential to affect the supply chain; still, it cannot solve the issue. What we need now is collaboration along the supply chain, scalable/reliable technology to solve the problem of waste in the food chain, and increased awareness.

RecyGlo Co., Ltd.

Waste Management & Recycling Technologies 09-404245800, 09263223496 contact@recyglo.com, communication@recyglo.com

74 views0 comments

Recent Posts

See All
bottom of page