top of page

Learn and practice good Battery Recycling Practices with RecyGlo

Updated: Oct 6, 2020

Battery Recycling အလေ့အကျင့်ကောင်းတွေကို RecyGlo နဲ့အတူတကွ ပါဝင်လေ့လာရင်း လက်တွေ့ကျင့်သုံးရအောင်။


"မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရပ်နီးရပ်ဝေးကလူကြီးမင်းတို့အတွက် RecyGlo ရဲ့ Battery Recycling Service ကို ကိုယ့်အတွက်၊ ပတ်ဝန်းကျင်အတွက် ထိခိုက်ညစ်ညမ်းမှုတွေ မရှိအောင် တစ်နှစ်လုံးမှာမှ ၁၅၀,၀၀၀ ကျပ်နဲ့ အပြည့်အ၀ စိတ်ကြိုက် သုံးစွဲလို့ရပါပြီ။"


Battery Recycling Service အတွက် 09404245800 / 09263223496 ကိုတိုက်ရိုက်ဖုန်းဆက်ပြီး Battery Collection ပုံးတွေကိုမှာယူသုံးစွဲလို့ရပါပြီ။


***************************************


အသုံးပြုပြီးသားဘက်ထရီတွေကိုဘာကြောင့်ပြန်လည်အသုံးပြုကြတာလဲ? ဘက်ထရီတွေကိုပြန်လည်အသုံးပြုရတဲ့အဓိကရည်ရွယ်ချက်ကတော့ စွန့်ပစ်ဘက်ထရီပမာဏကိုလျှော့ချနိုင်ရန်ဖြစ်ပါတယ်။ ဘက်ထရီတွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါ၀င်တဲ့အတွက် သာမန်အိမ်သုံးစွန့်ပစ်ပစ္စည်းတွေနှင့်အတူစွန့်ပစ်လိုက်မယ်ဆိုရင် ‌မြေဆီလွှာသာမက ‌ရေထုကိုပါ ညစ်ညမ်းပျက်စီးစေနိုင်ပါတယ်။

ဘယ်လိုမျိူးပြန်လည်ထုတ်လုပ်ကြသလဲ?

ဘက်ထရီတွေကိုပြန်လည်ထုတ်လုပ်တဲ့အခါမှာဆိုရင် အဆင့် ၅ ဆင့်ရှိပါတယ်။ အဲ‌ဒီ့အဆင့်တွေကတော့-

1. စွန့်ပစ်ဘက်ထရီများလက်ခံခြင်းနှင့်‌စစ်ဆေးခြင်း 2. ဘက်ထရီအမျိုးအစားများခွဲခြင်း (ပြန်လည်အသုံးပြုနိုင်သောအမျိုးအစားနှင့်အသုံးမပြုနိုင်သောအမျိုးအစားများခွဲခြင်း) 3. ဘက်ထရီပါ၀င်ပစ္စည်းအမျိူးအစားများကိုအရွယ်အစားအလိုက်ခွဲခြားခြင်း 4. ပါ၀င်သတ္တုများကိုပြန်လည်ထုတ်ယူခြင်းနှင့် 5. နောက်ဆုံးရလဒ်သတ္တုအမျိုးအစားများကိုအမျိုးအစားပြန်လည်ခွဲခြားခြင်း ( နီကယ်၊ သံ၊ခရိုမီယမ်၊ မဂ္ဂနီးစ်နှင့် ဇင့်အောက်ဆိုဒ်) တို့ ဖြစ်ပါတယ်။

ဘက်ထရီတွေကိုပြန်လည်အသုံးပြုနိုင်ရန် အိမ်သုံးအမှိုက်တွေနဲ့တူတူရောနှောပြီးမစွန့်ပစ်ဖို့က အရေးကြီးပါတယ်။ အဲ့လိုရောနှောစွန့်ပစ်လိုက်မယ်ဆိုရင် အန္တရာယ်ရှိသလို ပြန်လည်ထုတ်လုပ်အသုံးပြုလို့လည်းမရတော့ပါဘူး။ အဲ့ဒါကြောင့် ပတ်၀န်းကျင်ကိုတစ်ဖက်တစ်လမ်းမှကာကွယ်နိုင်ရန် ဘက်ထရီတွေကိုလည်း စနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။





English Version:


Learn and practice good Battery Recycling Practices with RecyGlo.

"You can now use RecyGlo Battery Recycling Service from all over Myanmar with only 150,000 Kyats a year without polluting for yourself and the environment with your used electronic waste".

Inquiry your order Battery Collection Dropbox by calling 09404245800 / 09263223496 directly for Battery Recycling Service.


What is the reason for recycling the old batteries?

Battery recycling is a recycling activity that aims to reduce the number of batteries being disposed of as municipal solid waste.Batteries contain a number of heavy metals and toxic chemicals and disposing of them by the same process as regular household waste has raised concerns over soil contamination and water pollution.

How are the old batteries reused?

There are five steps to recycle the old batteries. They are: Battery receipt and inspection Sorting of conforming batteries (recyclable or non-recyclable) Material sizing Metal recovery Separation of final product(Nickel ,Iron , Chromium, Manganese, & Zinc oxide)

It is important not to place any batteries in your recycling bin! Is it not safe and they won’t be recycled. Therefore, it is important to dispose of the batteries properly to protect the environment in one way or another.



34 views0 comments

Recent Posts

See All
bottom of page