top of page

The Effects of E-Waste Self-Recycling

Updated: Oct 6, 2020

ကိုယ်အသုံးမပြုတော့တဲ့ အီလက်ထရောနစ် ပစ္စည်းကိရိယာဟောင်းတွေကို ဘာကြောင့် ပြန်လည်ပြုပြင်အသုံးပြုဖို့ စွန့်ပစ်သင့်လဲဆိုတာကို အကျဉ်းချုပ်ရှင်းပြမယ်နော်။


အီလက်ထရောနစ် ပစ္စည်းတွေထဲမှာ ပလတ်စတစ်၊ ဖန်၊ သတ္တုတွေ အပြင် အလူမီနီယံ၊ ကြေးနီ၊ ရွှေ အစရှိတဲ့ အဖိုးတန်သတ္တုများစွာ ပါဝင်ပါတယ်။

အီလက်ထရောနစ် ပစ္စည်းကိရိယာအဟောင်းတွေကို အမှိုက်ပုံမှာသေချာမစွန့်ပစ်ရင် ပေါက်ကွဲမှုအန္တရာယ်တွေဖြစ်လာနိုင်တာကြောင့် ပြန်လည်ပြုပြင်ခြင်း၊ ပြန်သုံးမည့်သူများကို ပေးကမ်းခြင်း၊ Recycle လုပ်သည့် အဖွဲ့အစည်းများကို ဝန်ဆောင်မှုရယူခြင်း စတာတွေကိုလုပ်ဆောင်သင့်ပါတယ်။

***အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ အလေ့အကျင့်တွေရဲ့ အားသာချက်တွေက-

၁. သဘာဝအရင်းအမြစ်များကိုထိန်းသိမ်းခြင်း။ ၂. ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချခြင်း။ ၃. လေထုညစ်ညမ်းမှုကိုလျှော့ချခြင်း။ ၄. အီလက်ထရောနစ် အရင်းအမြစ်အသစ်များအား အလဟသမဖြစ်အောင်ကာကွယ်ပေးခြင်း။ ၅. ပြန်လည်အသုံးချလုပ်ဆောင်မှု / ပြန်လည်ပြုပြင်ရေးအတွက် လုပ်ငန်းအခွင့်အရေး များကိုဖန်တီးပေးခြင်း။ ၆. ဖို့မြေနေရာချွေတာနိုင်ခြင်း။ ၇. လိုအပ်သူများအား စနစ်တကျလှူဒါန်းခြင်းဖြင့် ရပ်ရွာ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင် များကိုကူညီခြင်း။



အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုမှုကျင့်စဉ်တွေကိုကိုယ်တိုင်လုပ်မယ်ဆိုရင် လူကိုကော၊ ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာနိုင်တဲ့ အချက်တွေက -


၁. အီလက်ထရောနစ်ပစ္စည်းတွေက အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းအပြင်သောက်သုံးရေအဆိပ်သင့်စေတဲ့ ဓါတ်တွေပါဝင်တာကြောင့် သောက်သုံးရေတွေကနေတစ်ဆင့် ဓါတုဓါတ်တွေကို အလွယ်တကူစုပ်ယူနိုင်ပါတယ်။ ဥပမာ - CRTs ကွန်ပျူတာတွေမှာရှိတဲ့ ခဲပြားချပ်၊ ဖန်သားပြင်၊ ဖန်သားပြင်ရှိမာကျူရီ အစရှိသဖြင့် တို့ဘဲဖြစ်ပါတယ်။ ၂. အီလက်ထရောနစ်ပစ္စည်းတွေက လူသားတွေကိုသာမက ပတ်ဝန်းကျင်ကိုပါ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ၃. ပြန်လည်အသုံးပြုခြင်းဖြစ်စဉ်က သတ္တုတွေပြန်လည်စုဆောင်းထိန်းသိမ်းပေးနိူင်ဖို့အတွက် မီးရှို့ဖျက်ဆီးခြင်း၊ ဆားကစ်များအားအရည်ဖျော်ခြင်း၊ ဝါယာကြိုးအရည်ခွံများအားအက်စစ်ဖြင့် ဆုတ်ခွာဖျက်ဆီးခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ၄. ကျွန်ုပ်တို့ရဲ့ကမ္ဘာဂြိုဟ်အပေါ် ရေရှည်သက်ရောက်မှုရှိတာတွေကိုလည်း ကြိုတင်ခန့်မှန်းလို့မရသေးပါဘူး။

ပြန်လည်ပြုပြင်သုံးစွဲခြင်းရဲ့ အကျိုးရလဒ်တွေကို သိမြင်ရပြီဆိုတော့ လူကြီးမင်းတို့ရဲ့ အသုံးမလိုတော့တဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အလွယ်တကူ တခြားအမှိုက်တွေနဲ့ရောပြီးမပစ်တော့နဲ့နော်။






English Version:


E-waste contains a lot of precious metals such as aluminum, copper, gold, etc. Instead of throwing away the old electronic equipment in landfills or using new non-renewable resources it should be refurbished, reused, and recycled.


ADVANTAGES -Preserves natural resources -Reduces greenhouse gas emission -Reduces pollution -Prevents wastage of non-renewable resources -Creates jobs for recyclers/refurbishes -Saves landfill space -Helps the community by donating to those who need it


DISADVANTAGES -E-waste contains a lot of harmful chemicals such as lead in CRTs of computers and mercury in flat panel display screens. This can be absorbed by humans through contaminated drinking water. -E-waste can affect the environment as well as humans. -The process of recycling means burning wires to recover metals, melting circuits and also acid stripping. Just this causes so many problems to the environment. -Long-term effects on our planet are still unknown.



48 views0 comments

Recent Posts

See All
bottom of page