top of page

The Impact of Medical Waste

------English Version Below------


"လူတိုင်းသိထားသင့်တဲ့ ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများအကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှုမရှိစေရန် အကြောင်းအရာများ"


ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းဆိုတာကတော့ ယေဘုယျအားဖြင့် ဆေးရုံ၊ဆေးခန်း၊ သွေးလှူဘဏ်၊ သွားဆေးခန်းများ၊ တိရစ္ဆာန်ဆေးကုခန်းများ ၊ သုတေသနနှင့် ဓါတ်ခွဲခန်းများ စသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ဆိုင်သော ဌာနများမှ ထွက်ရှိသော ရောဂါကူးစက်နိုင်သောစွန့်ပစ်ပစ္စည်းများကို ဆိုလိုပါတယ်။

ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေမှာဆိုရင်-

1. သက်တမ်းကုန်နေသော ‌သောက်ဆေး၊ထိုးဆေးများ 2. အသုံးမပြုတော့သော ဆေးဝါးအကြွင်းအကျန်များ 3. လူသား(သို့မဟုတ်)တိရိစ္ဆာန်များ၏ အသားစတစ်ရှူးများ 4. အသုံးပြုပြီးသားဆေးရုံသုံးဝတ်စုံများ၊လက်အိတ်များနှင့် ပတ်တီးများ 5. ရောဂါကူးစက်ခံထားရသောလူနာများအသုံးပြုထားသောပစ္စည်းများ 6. တစ်ခါသုံးဆေးထိုးအပ်များ၊ခွဲစိတ်ခန်းသုံးဓားများနှင့် ဖန်ကွဲစများ 7. သုတေသနနှင့်ဓာတ်ခွဲခန်းများမှ စွန့်ပစ်ပစ္စည်းများ 8. ကင်ဆာရောဂါကုဆေးဝါးများ 9. ပျက်စီးနေသောသာမိုမီတာများမှ မာကျူရီအရည်များ 10. ဆေးရုံဆေးခန်းများမှ ရုံးသုံးစွန့်ပစ်ပစ္စည်းများ စသဖြင့် အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းတွေပါဝင်ပါတယ်။


ဒီစွန့်ပစ်ပစ္စည်းတွေက အမှိုက်သိမ်းဆည်းသူများအတွက်သာမက အများပြည်သူပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ဆိုးကျိုးများသက်ရောက်စေနိုင်တဲ့အတွက် စနစ်တကျစွန့်ပစ်ဖို့လိုအပ်ပါတယ်။


***မလိုအပ်တော့တဲ့ အိမ်သုံးဆေးပစ္စည်းတွေရဲ့အဓိကပြဿနာအရင်းအမြစ်တွေက?


အိမ်တိုင်းအိမ်တိုင်းမှာ သာမန်ခေါင်းကိုက် ဖျားနာရောဂါမျိုးဖြစ်တဲ့အခါ သောက်သုံးရတဲ့‌ဆေးတွေကတော့ အမြဲဆောင်ထားလေ့ရှိကြတတ်ပါတယ်။ တစ်ချို့ ဆီးချိူ၊သွေးချို စတဲ့ နာတာရှည်ရောဂါရှိသူတွေဆိုရင် သောက်ဆေးအပြင် ဆီးချိူ သွေးချိုစစ်ကိရိယာတွေကိုပါဆောင်ထားတတ်ကြရပါတယ်။ ဆေးခန်းတစ်ကြိမ်ပြပြီးတိုင်း ကျန်းမာရေးအခြေအနေ‌ပေါ်မူတည်ပြီး ဆေးတစ်မျိုးပြောင်းသောက်ရတဲ့အခါမျိုး၊ သောက်နေကြဆေးတွေက သက်တမ်းကုန်ဆုံးသွားတဲ့အခါမျိုးတွေမှာဆိုရင် မလိုအပ်တော့တဲ့ ဆေးဝါးတွေ၊ အသုံးပြုပြီးသား ဆီးချို၊သွေးချိုတိုင်းအပ်တွေကို ဘယ်လိုစွန့်ပစ်ရမလဲဆိုတာကျွန်တော်တို့အနေနှင့် သေချာမသိကြတတ်ပါဘူး။ များသောအားဖြင့် သာမန်အိမ်သုံးအမှိုက်တွေနှင့် ရောနှောစွန့်ပစ်လေ့ရှိကြပြီး တချို့ဆိုရင် အသုံးပြုပြီးသား ဆေးထိုးအပ်၊ဆီးချိုစစ်အပ်တွေကို သာမန်အမှိုက်တွေနှင့်ရောနှောပြီး အမှိုက်ပုံတွေမှာ သွားရောက်စွန့်ပစ်တတ်ကြပါတယ်။ အဲ့လိုစွန့်ပစ်တာက ကျွန်တော်တို့အနေနှင့်တော့ အလုပ်ရှုပ်သက်သာပေမဲ့ စည်ပင်အမှိုက်သိမ်းဝန်ထမ်းတွေအတွက်တော့ အန္တရာယ်အလွန်များပါတယ်။ အပ်ချောင်းတစ်ချောင်းကလည်း အသက်တစ်ချောင်းကို နှုတ်ယူသွားနိုင်ပါတယ်။ ဒီလိုစွန့်ပစ်တဲ့အလေ့အကျင့်တွေကလည်း ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေရဲ့ သဘာဝပတ်ဝန်းကျင်၊လူသားအရင်းအမြစ် နှင့် စားသောက်ကုန်တွေအပေါ်ထိခိုက်နေတဲ့အဓိကပြဿနာအရင်းအမြစ်တွေဘဲဖြစ်နေတာကို လေ့လာသုံးသပ်ရပါတယ်။


***ကယ်ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေကိုဘယ်လိုစနစ်တကျစွန့်ပစ်ကြမလဲ?


အကယ်၍ သင့်အိမ်မှာ အသုံးပြုပြီးသား ဆေးထိုးအပ်၊ဆီးချိုစစ်အပ်များနှင့် အသုံးမလိုတော့သောဆေးဝါးများရှိနေပြီဆိုရင်၊ သင့်အိမ်မှထွက်သော စွန့်ပစ်ဆေးပစ္စည်းများကြောင့် သူတစ်ပါးမထိခိုက်စေရန် စနစ်တကျစွန့်ပစ်သင့်ပါတယ်။ အသုံးပြုပြီးသား တစ်ခါသုံးဆေးထိုးအပ်၊ ဆီးချို၊သွေးချိုတိုင်းအပ်တွေနှင့် ချွန်ထက်သောအရာတွေကို ဒီတိုင်းအမှိုက်အိတ်ထဲ ထည့်ပစ်လိုက်တာမျိုးမလုပ်ဘဲ အဖုံးပါသောဗူးထဲထည့်ပြီး အဖုံးပိတ်ကာစွန့်ပစ်သင့်ပါတယ်။ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းမှန်း သိသာစေရန် ဗူးပေါ်တွင်လည်း စာတမ်းကပ်ပြီး စနစ်တကျစွန့်ပစ်သင့်ပါတယ်။ ဆရာဝန်မှညွှန်ကြားသောဆေးများကိုလည်း သတ်မှတ်ထားသောလူနာများ သာအသုံးပြုသင့်ပါတယ်။ အကယ်၍ မလိုအပ်တော့သောကျန်ရှိသောဆေးဝါးများကျန်ရှိပါက အခြားသူတစ်ဦး ဦးကိုမပေးပါနှင့်။ လက်ကျန်ဆေးဝါးများကို မြောင်းများ၊အိမ်သာပိုက်များထဲသို့လည်း စွန့်ပစ်ခြင်းများ မပြုလုပ်သင့်ပါဘူး။ မိလ္လာစနစ်များသည် ပုံမှန်အားဖြင့် ဆေးဝါးများရှိ ပါဝင်ပစ္စည်းများကိုမဖြိုခွဲနိုင်တဲ့အတွက် ဆေးတွေကို မြောင်းတွေ အိမ်သာတွေထဲမှာစွန့်ပစ်လိုက်မယ်ဆိုရင် ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုသာဖြစ်စေနိုင်ပါတယ်။


***နိုင်ငံတချို့ရဲ့ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများစွန့်ပစ်နည်း


တချို့သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုပညာရှင်တွေက မလိုအပ်တော့တဲ့ဆေးဝါးတွေကို ကော်ဖီမှုန့် သို့မဟုတ် ကြောင်များအလေးစွန့်ရန် ပြုလုပ်ထားသော သဲမှုန့်များဖြင့်ရောနှောစွန့်ပစ်ပါက သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှုသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဆေးဝါးများနှင့် အသုံးပြုပြီးသားဆေးထိုးအပ်များကို recycle bin ထဲသို့ လုံးဝမစွန့်ပစ်ရပါဘူး။ နောက်တစ်ပါတ်တွေမှာလည်း ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေနှင့်ပတ်သက်ပြီး ဗဟုသုတတွေကို မျှ‌ဝေပေးသွားမှာဖြစ်တဲ့အတွက် RecyGlo Myanmar ရဲ့ Official Facebook Page ကို See First လုပ် (သို့) Website တွေမှာ တိုက်ရိုက်ဝင်ရောက် ဖတ်ရှုလေ့လာဖို့မမေ့နဲ့နော်။


အခုဆိုရင် ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေက ဘာတွေလဲ၊ ဘယ်လိုစွန့်ပစ်သင့်လဲဆိုတာတွေကို သိပြီးပြီဆိုတော့ နောက်တစ်ပါတ်ကျရင် ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေအကြောင်းထပ်မံရေးသားသုံးသပ်သွားမှာမို့လို့ RecyGlo Myanmar ရဲ့ Official Facebook Page ကို See First လုပ် (သို့) Website တွေမှာ တိုက်ရိုက်ဝင်ရောက် ဖတ်ရှုလေ့လာဖို့မမေ့နဲ့နော်။



English Version:


Medical waste is generally defined as the infectious discarded wastes that come from mostly healthcare-related departments such as hospitals and clinics, Blood Donation Banks, Dental clinics, Veterinary Clinics, and Research and Laboratories.

Medical wastes include –

1. Expired vaccines and medications 2. Leftover drugs 3. Tissues from humans or animals 4. Contaminated gowns, gloves, or gauze 5. Waste from infected patient rooms 6. Needles, scalpels, and broken glass 7. Laboratory cultures and stocks 8. Cytotoxic cancer drugs 9. Mercury from broken thermometers 10. Office waste from medical clinics.


These kinds of wastes need to be disposed of properly as they pose a risk not only to waste collectors but also to the public environment.


***The main source of problems with unnecessary home remedies

Every home has household medicines for mild fevers. Some people with chronic illnesses, such as diabetes, may need to take diabetes medication in addition to oral medication. When we change our medication and no longer need the medication we used to take or when the medication we are taking expires or we have used diabetes mellitus needles, we often don’t know how to get rid of them. Mostly, we dispose of them together with the household wastes, and some people even dispose of used needles and diabetic needles in recycling bins. This kind of dumping is less of a chore for us, but more dangerous for municipal garbage workers. One needle stick can take a life.


***How to properly dispose of medical waste?

If you already have used needles, diabetes needles, and over-the-counter medications in your home, you should dispose of your medical wastes properly so that it does not injure others. Disposable needles, diabetes needles, and sharp objects should not be thrown in the trash but should be put in a sealed container and discarded. The container should also be labeled and disposed of properly to make it clear that it is a hazardous waste. Medicines prescribed by a doctor should only be used by designated patients. Do not give to anyone else if there is any left over medicines. Also, they should not be dumped into drains or toilets. Sewage systems do not normally break down the contents of medicines, so if the medicines are dumped in the drains or toilets, they will only cause environmental damage.


***Some techniques of disposing of medical waste in some countries?

Some waste management experts say that mixing waste with coffee grounds or cat litter can reduce the impact on the environment. The most important thing is to never throw used medicines and needles into the recycle bin.


Don't forget to check out RecyGlo Myanmar's Official Facebook Page or visit the website directly as we will be sharing our knowledge on medical waste in the coming weeks.


For more info: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com www.recyglo.com



48 views0 comments

Recent Posts

See All
bottom of page