top of page

The Importance of Green Usage

Green Computing အကြောင်းနှင့် သဘောတရားတွေကို သိခဲ့ပြီးပြီဆိုတော့ အခုတစ်ခါမှာတော့ Green Computing ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးတဲ့ Green use, Green disposal, Green design နှင့် Green manufacturing ဆိုတဲ့ အချက် ၄ ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

1. Green use ကတော့ ကွန်ပျူတာတွေနဲ့စပ်ဆက်ပစ္စည်းတွေရဲ့ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကိုလျှော့ချခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေတဲ့ ထုတ်ကုန်ပစ္စည်းများကိုသာအသုံးပြုခြင်းဖြစ်ပါတယ်။ မလိုအပ်ဘဲ ကွန်ပျူတာ၊ ပရောဂျက်တာတွေနှင့် တခြားအီလက်ထရောနစ်ပစ္စည်းတွေကို ဖွင့်မထားဖို့နှင့် ပစ္စည်းအသစ်တွေဝယ်ယူသုံးစွဲမယ်ဆိုရင်လည်း ပျက်စီးသွားခဲ့ရင် ပြန်လည်ထုတ်လုပ်အသုံးပြုလို့ရကြောင်း အာမခံရှိတဲ့ ပစ္စည်းတွေကိုသာဝယ်ယူသုံးစွဲသင့်ပါတယ်။

2. Green disposal ကတော့ ရှိပြီးသား ကွန်ပျူတာတွေကို အဆင့်မြှင့်ခြင်း၊ သို့မဟုတ် အသုံးမပြုတော့သော အီလက်ထရောနစ်ပစ္စည်းများကို ပြန်လည်ထုတ်လုပ်အသုံးပြုခြင်း သို့မဟုတ် သင့်လျော်စွာစွန့်ပစ်ခြင်းကို ဆိုလိုပါတယ်။ အသုံးပြုတဲ့ သက်တမ်းကြာမြင့်လာတဲ့အခါ စွမ်းဆောင်ရည်ကျလာတဲ့ကွန်ပျူတာတွေကို ဒီတိုင်း စွန့်ပစ်လိုက်တာမျိုး မပြုလုပ်ဘဲ လဲလှယ်လို့ရနိုင်တဲ့ အစိတ်အပိုင်းတွေ(ဥပမာ- battery, RAM )ကို လဲလှယ်ပြီးသုံးစွဲသင့်ပါတယ်။ လုံးဝအသုံးပြုလို့မရတော့ခဲ့ရင်လည်း တခြားအိမ်သုံးအမှိူက်များနှင့် ရောနှောစွန့်ပစ်တာမျိူးမလုပ်ဘဲ ပြန်လည်ထုတ်လုပ်အသုံးပြုတဲ့ နေရာတွေကို သေချာပို့သင့်ပါတယ်။

3. Green design ကတော့ အဆင့်မြင့်စွမ်းအားကောင်းမွန်သော ကွန်ပျူတာများ၊ ပရင်တာများ၊ ပရောဂျက်တာများနှင့်အခြားဒစ်ဂျစ်တယ်ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ စွမ်းအားကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်ပစ္စည်းများကို သေချာဝယ်ယူသုံးစွဲမယ်ဆိုရင်တော့ ဝယ်ပြီးခဏအတွင်းမှာ ပျက်သွားလို့ထပ်မံဝယ်ယူရတာမျိုးမဖြစ်စေတဲ့အတွက် ပိုက်ဆံချွေတာရာလည်းရောက်သလို ပတ်ဝန်းကျင်ကိုလည်း ထိခိုက်တာသက်သာစေပါတယ်။

4. Green manufacturing ကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှူအနည်းဆုံးဖြစ်စေဖို့ ကွန်ပျူတာများနှင့်စပ်ဆက်ပစ္စည်းတွေကို ထုတ်လုပ်စဉ်ကာလအတွင်း စွန့်ပစ်ပစ္စည်းထွက်ရှိမှုအနည်းဆုံးဖြစ်အောင်ထုတ်လုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်လုပ်စဉ်ကာလအတွင်း ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကလည်း E-waste တွေပဲဖြစ်တဲ့အတွက် တတ်နိုင်သမျှ စွန့်ပစ်ပစ္စည်းထွက်နှုန်းနည်းအောင်လည်း ဆောင်ရွက်သင့်ပါတယ်။

နောက်တစ်ပါတ်ကျရင် Green Computing ရဲ့ကောင်းကျိူး ဆိုးကျိူးတွေကို ထပ်မံဖော်ပြပေးသွားမှာဖြစ်လို့ RecyGlo Myanmar Page ကို See First ထားပြီးစောင့်မျှော်ဖတ်ရှုကြရအောင်နော်



English Version


Now that you know the concepts of green computing, here are four key points - green use, green disposal, green design, and green manufacturing that are essential for effective green computing challenges.

  1. Green use is minimizing the electricity consumption of computers and their peripheral devices and using them in an eco-friendly manner. Do not turn on computers, projectors, and other electronic devices unnecessarily, and only buy products that are guaranteed to be reusable even in the case of damage.

  2. Green disposal is re-making an existing computer or appropriately disposing of, or recycling, unwanted electronic equipment. Computers should be replaced with replaceable components(eg. battery, RAM), rather than discarding them as they become weaker over time. Even if it is completely worn out and unusable, it should be sent to a recycling center without being disposed of with other household wastes.

  3. Green design is designing energy-efficient computers, printers, projectors, and other digital devices. Make sure you buy high-powered electronic devices so that you don't need to buy again in a few years and it will also save money and our environment.

  4. Green manufacturing is minimizing waste during the manufacturing of computers and other subsystems to reduce the environmental impact of these activities. Since the waste generated during this production process is also e-waste, it should be minimized as much as possible.

Next week we will cover the pros and cons of Green Computing, so stay tuned.


25 views0 comments

Recent Posts

See All
bottom of page